ဖောလစ်အက်ဆစ်
24-Mar-2020
မင်္ဂလာပါ ဆရာရှင့်
. . .
ကျွန်မ ကိုယ်ဝန်ရှိမှန်းသိကတည်းက
ကိုယ်ဝန်သုံးလအထိ BBI ကထုတ်တဲ့ Folic Acid ကို တစ်နေ့တစ်လုံးပဲ သောက်ခဲ့မိပါတယ်ဆရာ။
ကိုယ်ဝန်သုံးလကနေ ခုချိန်ထိကတော့ တစ်နေ့နှစ်လုံးသောက်ပါတယ်ဆရာ။ ကိုယ်ဝန်နုစဉ်
Folic acid ကို တစ်နေ့တစ်လုံးပဲ သောက်ခဲ့တာ ကလေးအတွက်အဆင်ပြေနိုင်ပါမလားလို့ စိတ်ပူမိနေပါတယ်ဆရာ
. . .
ဆရာရှင့် . . .
သမီးက ကိုယ်ဝန်
ငါးပတ်ရှိပါပြီ။ OG တော့ မအပ်ရသေးပါဘူးရှင့်။ လောလောဆယ် Folic acid BPI က ထုတ်တဲ့ဟာတစ်မျိုးပဲ
သောက်ရသေးပါတယ်။ Folic acid ကိုလည်း ကိုယ်ဝန်ရှိတယ်လို့သိရတဲ့ လေးပတ်ကျော်ကမှ စသောက်တော့
ခုမှ သုံးရက်လောက်ပဲ သောက်ရသေးတယ်။ အဲဒါ တစ်နေ့တစ်လုံးပဲသောက်ရင် လုံလောက်လားရှင့်။
တခြားဘာဆေးတွေသောက်ရမလဲ။ သားဦးဆိုတော့ စိုးရိမ်လို့ ဖြေပေးပါဦးနော်။ ဆေးဘူးမှာ
Folic acid BP 5 mg လို့ရေးထားပါတယ်ရှင့်။ သမီးအသက်က လာမယ့် September ဆို ၃၀ ပြည့်မှာပါရှင့်။
ကိုယ်ဝန်ဆောင်ချိန်မှာ
ဖောလစ်အက်ဆစ်နည်းနေရင် အထဲက ကလေးဦးနှောက်ဖြစ်ပေါ်တာကို အားနည်းစေမယ်။ Spina bifida
ခေါ်တဲ့ ခါးရိုးဆစ်ကနေ မွေးကတည်းက အနာလိုဖြစ်နေတာမျိုးကို တားဆီးနိုင်တယ်။ ကိုယ်ဝန်ပထမသုံးလအတွင်း
Folid acid 400 (mcg) လိုအပ်တယ်။ ကလေးပျက်ကျမှာကိုလည်း တားဆီးပေးမယ်။ ကလေးနို့တိုက်ချိန်
ခြောက်လအထိ သောက်သင့်တယ်။ အထဲက ကလေးမှာ NTD ဆိုတာ ရှိနေတာကိုသိရင် ဆေးကို များများပေးမယ်။
ကိုယ်ဝန်ဆောင်တွေ 1000 (UL) ကလိုပြီး ကလေးတွေ 150 – 800 (IU) နဲ့ လူကြီးတွေ 400
(UL) လိုနိုင်တယ်။ ဖောလစ်အက်စစ်ကို ကိုယ်ဝန်မယူခင် သုံးလကတည်းကနေ စသောက်သင့်တယ်။ တစ်နေ့မှာ
400 micrograms သောက်ပါ။ တကယ်လို့ သင့်မိသားစုထဲမှာ မွေးရာပါ ချို့ယွင်းချက်နဲ့ မွေးဖူးတဲ့
ရာဇဝင်ရှိနေရင် 4000 micrograms အထိပေးနိုင်တယ်။
မင်္ဂလာပါဆရာ .
. .
ကျွန်မ မေးစရာလေးရှိလို့ပါဆရာ။
ကျွန်မကလေးက အခု ၁၁ လကျော်နေပါပြီ။ သူ့ကို လူတိုင်းက ပျော့ဖတ်နေတာပဲလို့ အမြဲပြောပါတယ်။
ကလေးကို Folic acid တိုက်ခိုင်းပါတယ်ဆရာ။ အဲဒါတိုက်လို့ရလား သိချင်လို့ပါ။ ကလေး အခု
သိပ်မထွားဘူးဖြစ်နေလို့ပါ . . .
ဖောလစ်အက်စစ်ဆိုတာ
ဗီတာမင်ဘီ အုပ်စုဝင်ဆေးဖြစ်တယ်။ Vitamin B9, Vitamin B, C,Folacin နဲ့ Folate လို့လည်းခေါ်တယ်။
ဖောလစ်အက်စစ်နည်းတဲ့ သွေးအားနည်းတာနဲ့ သံဓာတ်နည်းသွေးအားနည်းရောဂါတွေ ဖြစ်နေသူဟာ မောပန်းနေမယ်။
အားယုတ်နေမယ်။ အစာခြေတာမကောင်းလို့ ဝမ်းပျက်တတ်တယ်။ စားချင်စိတ်နည်းနေမယ်။ ကိုယ်အလေးချိန်ကျမယ်။
လျှာနာမယ်။ ခေါင်းကိုက်မယ်။ ရင်တုန်မယ်။ သတိမေ့တတ်ပြီး အမူအရာပါပြောင်းလာတတ်တယ်။ (အလာဂျီ)
အတွက်လဲ သုံးတယ်။ စိတ်ကျနေသူတွေကိုလည်း ပေးနိုင်တယ်။ Schizophrenia စိတ်ရောဂါရှိသူ၊
သတိမေ့တတ်သူတွေကိုလည်း ပေးတယ်။ အဝလွန်သူတွေ အဆီချဖို့အတွက်လည်း သုံးတယ်။ ဆီးချိုကိုလည်းပေးတယ်။
သွေးဆုံးချိန်မှာလည်း အသုံးကျတယ်။ ကျောက်ကပ်ရောဂါ၊ အရိုးရောဂါ၊ လေးဘက်နာသူတွေကိုလည်း
ပေးတယ်။ လူတွေမှာ သွေးနီဥနဲ့ DNA ခေါ်တဲ့ မျိုးဗီဇတည်ဆောက်ဖို့ ဖောလစ်အက်စစ်လိုတယ်။
ဦးနှောက်အာရုံကြောတွေအတွက်လည်း အသုံးဝင်တယ်။ ယေဘုယျဆိုရင် တစ်နေ့မှာ 0.5 – 1.0
mg/daily စားဆေးထိုးဆေးအဖြစ် ပေးတယ်။ သွေးနီဥနဲ့ DNA တည်ဆောက်ဖို့ ဖောလစ်အက်ဆစ် လိုတယ်။
ဦးနှောက်အာရုံကြောတွေ အတွက်လည်း အသုံးဝင်တယ်။
အားနည်းချက်တွေလည်း
သိဖို့လိုတယ်။ Folic acid ဆေးပေးလို့ ဗီတာမင်ဘီ ၁၂ နည်းတာကို ဖုံးနေစေတတ်တယ်။ Folic
acid ဆေးပေးတာများရင် ငှက်ဖျားဆေးပေးတာကို သက်ရောက်စေတယ်။ ငှက်ဖျားဖြစ်ရာနေရာက ငါးနှစ်အောက်ကလေးတွေပေးလို့
Iron – Folic acid Supplementation အားဆေးပေးတာ အသေအပျောက်ပိုများတာ တွေ့ရတယ်။ ပဲနဲ့
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေထဲမှာ ဖောလစ်အက်ဆစ်ပါနေတယ်။
လိမ္မော်သီးတစ်လုံး = 54 mcg
ကြက်ဥပြုတ်တစ်လုံး = 22 mcg
သင်္ဘောသီး အလတ်စားတစ်လုံး = 115 mcg
ပဲပြုတ်တစ်ခွက်= 280 mcg
ဟင်းနုနယ်ရွက်တစ်ခွက် = 260mcg
ထမင်းဖြူ ¾ cup = 60 mcg
ခရမ်းချဉ်သီးရည် 1 cup = 50 mcg
ခေါက်ဆွဲပြုတ် 1 cup = 160 mcg ပါတယ်။ အစာထဲက ဖောလစ်အက်ဆစ်ကို မပျက်စီးအောင်
နူးနပ်သွားအောင် မချက်ပြုတ်သင့်ဘူး။
အသီးအရွက်စားတာကနေ
ကင်ဆာကိုကာကွယ်နိုင်တယ်ဆိုတာဟာ လိုတာထက်ပိုပြောနေတယ်လို့လည်း နောက်လေ့လာမှုတွေက ထောက်ပြလာတယ်။
(ဖောလစ်အက်ဆစ်) က ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာတွေအတွက် ကောင်းတယ်လို့ အဲဒီသုတေသနက ဆိုလာတယ်။
ဖောလစ်အက်ဆစ်ဟာ
ကိုယ်ဝန်၊ ကလေးရစေတဲ့ဆေးမဟုတ်ပါ။ ကိုယ်ဝန်ရတဲ့အခါ သန္ဓေသားဦးနှောက်ချို့ယွင်းချက်မရှိစေဖို့
ဖြစ်တယ်။
Credit : ဒေါက်တာ တင့်ဆွေ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
