မွေးကျွတ်နာပေါက်ပြီဆိုရင် ဘာတွေလုပ်ရမလဲ
30-Oct-2016
ဘက်တီးရီးယားတစ်မျိုး ကြောင့် အရေပြားမှာ ဝက်ခြံလို အဖုသေးလေးကစလို့ တဖြည်း ဖြည်းကြီးလာပြီး ပြည်တည်နာ အထိဖြစ်တတ်တဲ့ မွေးကျွတ်နာ တို့၊ အနာပဆုပ်တို့ဖြစ်လာခဲ့ပြီဆို ရင် အန္တရာယ်ကင်းကင်းနဲ့ သက် သာပျောက်ကင်းစေမယ့်နည်း လမ်းလေးတွေသိထားရအောင် ဖော်ပြပေးလိုက်ပါတယ်။ အိမ်မှာ နနွင်းမှုန့်အဆင်သင့်ရှိတယ်ဆိုရင် နနွင်းမှုန့် ၂ ဇွန်းကို ရေခပ်နွေးနွေးလက်ဖက်ရည်တစ် ပန်းကန်စာဖျော်စပ်ပြီး သောက် ပေးနိုင်သလို နနွင်းမှုန့်နဲ့ရေနဲ့ ခပ် ပျစ်ပျစ်ဖျော်ပြီး အနာကိုလိမ်းပေး နိုင်ပါတယ်။ ရေနွေးအဖြူထဲကို ဆားအနည်းငယ်ခတ်ပြီး အဝတ် သန့်တစ်ခုစိမ်ပြီး အနာပေါ်ကို နွေးနေတဲ့အဝတ်လေးအုပ်ပေး ရင်လည်း သက်သာစေပါတယ်။ ကြက်သွန်နီအနည်းငယ်ကို တောက်တောက်စဉ်းပြီး ရေနွေးနဲ့ ပြုတ်ပြီး ရေတစ်ဝက်လောက်ခန်း သွားရင် အနာတစ်ဝိုက်ကို အဲဒီ ရေနဲ့ဖန်ရေဆေးတာမျိုးလုပ်ပေး နိုင်ပါတယ်။ ကြက်သွန်ဖြူကို လည်း အနှစ်ဖြစ်တဲ့အထိ ကြိတ် ခြေပြီး အနာပေါ်ကို အုံပေးထားပြီးခြောက်သွားရင် ရေစွတ်ထားတဲ့ အဝတ်သန့်လေးနဲ့ သုတ်ပေးရင် သက်သာပျောက်ကင်းနိုင်ပါ တယ်။ ပန်းသီးဗီနီကာရှိရင်လည်း ဂွမ်းစလေးနဲ့ အနာရှိတဲ့နေရာကို တို့ပေးနိုင်သလို ရေနည်းနည်းနဲ့ ရောပြီးတော့လည်း အနာကိုဆေး ကြောလို့ရပါတယ်။ တမာရွက်ကို လည်း ကြိတ်ခြေအနှစ်လုပ်ပြီး အနာတစ်ဝိုက်သုတ်လိမ်းထား တာမျိုးနှစ်ရက်လောက်လုပ်ပေး နိုင်ပါတယ်။အာလူးကို အရည်ညှစ်ပြီး အနာကိုတစ်နေ့လေး ငါးကြိမ် လိမ်းပေးရင်လည်း မြန်မြန်သက် သာစေတယ်လို့ဆိုပါတယ်။ ဇီရာ စေ့ကိုလည်း ကြိတ်ပြီး ရေနည်း နည်းနဲ့ရောကာ အနာတစ်ဝိုက် လိမ်းထားပြီး ခြောက်တဲ့အထိ ထားကာ ရေဆေးချလိုက်ပါ။ တရုတ်နံနံရွက် လတ်လတ် ဆတ်ဆတ်အနည်းငယ်ကို ငါးမိ နစ်လောက်ပြုတ်ပြီး အနှစ်ဖြစ် အောင်ကြိတ်ခြေကာ အချိန်အနည်းငယ်ကြာအောင်သုတ်လိမ်းထား ပေးရင် အနာသက်သာစေတယ် လို့ဆိုပါတယ်။ ကြက်ဆူဆီအနည်းငယ်ကို အနာရှိတဲ့နေရာလိမ်းပြီး တစ်ညလောက်ပတ်တီးစည်းထားလိုက်ရင် သက်သာပျောက်ကင်း စေနိုင်ပါတယ်။
Ref:
7 days daily
No.874
2.10.2015
Source:thefitindian
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
