အစားအစာနှင့် အရေပြား
25-Feb-2017
အစားအစာနှင့် အရေပြား
အရေပြားရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ဦးရေပြားမှာ အလွှာ၊ အဖတ်တွေဖြစ်နေ တယ်ဆိုရင် ဒါဟာ Fluorine ဓာတ်လုံလောက်စွာ စားသုံးမှုမပြုခဲ့လို့ပါပဲ။ ဒါ့အပြင် အသီးအရွက်တွေမှာပါတဲ့ ဖလူအိုရင်းဓာတ်ဟာ ချက်ပြုတ်ပြီးကြော်တာလို မီးအပူပေးခဲ့ရင် အဲဒီအပူကြောင့်ဓာတ်တွေ ဆုံးရှုံးသွားရလေ့ ရှိပါတယ်။
ဒါကြောင့်မို့ အစိမ်းစားလို့ရတဲ့ အရွက်နဲ့ အသီးတွေကို ဒီအတိုင်း အစိမ်းစားပေး သင့်ပါတယ်။ ဖလူအိုရင်းဓာတ်ပါဝင်တဲ့ အစာတွေကတော့ ဆတ်နို့နဲ့ ၎င်းနဲ့ပြုလုပ်ထားတဲ့ ဒိန်ခဲ၊ ထောပတ်သီး၊ ဂေါ်ဖီထုပ်၊ rye (ရွိုင်း) ဂျုံမှုန့် တစ်မျိုးနဲ့ အိမ်မှာလုပ်တဲ့ ဒိန်ချဉ်ရည် တို့ပါပဲ။
ဆိုဒီယမ်ဓာတ် လုံလောက်မှု မရှိတဲ့အခါမျိုးမှာဆိုရင် အရေးအကြောင်းတွေ ခပ်မြန်မြန် ဖြစ်လာပါလိမ့်မယ်။ အဲဒီအတွက်ဆိုရင်တော့ ဆိုဒီယမ်ဓာတ်ပါဝင်တဲ့ သခွားသီး ကို ပိုမိုစားသုံးပေးခြင်းနဲ့ ကုသပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သခွားသီးမှာက ဆိုဒီယမ်ဓာတ်အပြင် အရေပြားကိုအေးမြစေတဲ့ အရာတွေပါဝင်နေ လို့ပါပဲ။
နောက်တစ်ခု သတိပြုရမှာကတော့ အရေပြားပြဿ နာ တော်တော်များများဟာ
ကျောက်ကပ်ကြောင့် ဖြစ်ရတယ်ဆိုတာ သိထားဖို့ပါပဲ။ ဒီအတွက် ရေများများသောက်ပေး ပြီး၊ အိုဒီဒင်းဓာတ် မြင့်မားစွာပါဝင်တဲ့ အစာတွေဖြစ်တဲ့ မုန်လာဥဝါနဲ့ အရွက်ပါ စားလို့ရတဲ့ မုန်လာဥတစ်မျိုးတို့ကို များများစားပေးရပါမယ်။ အကောင်းဆုံးကတော့ သင့်ရဲ့ နံနက်ခင်းကို ပျားရည်တစ်ဇွန်း ထည့်ထားတဲ့ သံပရာရည် ၁ ဖန်ခွက်သောက်တာနဲ့ စတင်သင့်တယ်လို့ ပြောလို့ရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အေးခေမာ
Health for all magazine, August 2015, Pg.97
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
