မျက်စိဝန်းကျင်မှ အဖုသေးသေးများ
25-Feb-2017
မျက်စိဝန်းကျင်မှ အဖုသေးသေးများ
မျက်စိဝန်းကျင်မှာ ရှိတဲ့ အဖုသေးသေးတွေကို ဆရင်ဂိုးမား (syringomas) လို့ ဆေးပညာဝေါဟာရ ရှိပါတယ်။ အများစုကတော့ အသားရောင် ဒါမှမဟုတ် အဝါဖျော့ဖျော့ရောင် ပင်အပ်ခေါင်းအရွယ် အဖုသေးသေးတွေပါပဲ။ တချို့ကျတော့ အရည်ကြည်အိတ် သေးသေးလေးလို တွေ့ရတတ်ပါတယ်။
မျက်နှာပြင်ကလည်း ချောမွေ့ပြောင်လက်နေပါတယ်။ နီရဲရောင်ရမ်းနေတာမျိုး မရှိပါဘူး။ ပါးရဲ့အပေါ်ပိုင်းနှင့် မျက်လုံးဝန်းကျင်၊ အပေါ်မျက်ခွံ၊ အောက်မျက်ခွံတွေမှာ သိသိသာသာ ပိုများပါတယ်။ ထူးခြားတာက အမြဲတမ်းလိုလို ဘယ်ရော၊ ညာပါ ဖြစ်လေ့ရှိပါတယ်။ မျက်နှာအပြင် ရှားရှားပါးပါး ချိုင်းတို့၊ ရင်ဘတ်တို့၊ ဗိုက်တို့၊ ကျား၊ မ လိင်အင်္ဂါတို့မှာလည်း တွေ့ရတတ်ပါတယ်။
ဒီချွေးပြွန်အကျိတ်သေးသေးတွေက အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ ခန္ဓာကိုယ်တွင်းရောဂါတွေနဲ့ ပတ်သက်မှု မရှိပါဘူး။ ကင်ဆာရောဂါတွေနှင့်လည်း မပတ်သက်ပါဘူး။ ဒါပေမယ့် မွေးရာပါ ဉာဏ်ရည်နိမ့်တဲ့ရောဂါ (Down syndrome) ရှိသူတွေမှာတော့ ပိုတွေ့ရလေ့ရှိပါတယ်။ တိတိကျကျ ပြောရရင် အဲဒီရောဂါရှိသူ ၁၀၀ မှာ အယောက် ၂၀ လောက်က ဒီလို အကျိတ်လေးတွေ တွေ့နိုင်တယ်လို့ ဆိုပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဦးကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
Good Health Journal
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
