ခြေစွယ်ငုပ်နာမဖြစ်ရလေအောင်
25-Feb-2017
ခြေစွယ်ငုပ်နာမဖြစ်ရလေအောင်
၁။ ခြေသည်းကို တိတိရိရိ တစ်ဖြောင့်တည်း ပုံသွင်းညှပ်ပါ။ ခြေသည်းကို အဝိုက် (အဝိုင်း) ဖြစ်အောင် မညှပ်ပါနှင့်။ အကယ်၍ သင့်မှာ သွေးလည်ပတ်မှု မကောင်းစေနိုင် တဲ့ ပြဿနာအရင်းခံဖြစ်တဲ့ ဆီးချိုသွေးချိုရောဂါနဲ့ သွေးကြောဆိုင်ရာ ပြဿနာများရှိပါက
ခြေသည်းပုံသွင်း ကျွမ်းကျင်သူများနှင့် ခြေသည်းညှပ်ဖို့ လိုပါတယ်။
၂။ ခြေသည်းကို အရမ်းတိုအောင် မညှပ်ပါနှင့်။ ခြေသည်းကို အရမ်းတိုလွန်းအောင် ညှပ်တဲ့အခါ ဖိနပ်(သို့) ခြေဖျားထိပ်မှ ဖိအားကြောင့် ခြေထိပ်အသားနုထဲသို့ ခြေသည်း
နစ်ဝင်ကြီးထွားဖို့ အားပေးတာမို့ ခြေသည်းကို အသားနဲ့ ထိကပ်နေအောင် မညှပ်ဘဲ အရှည်နည်းနည်း ချန်ထားပေးသင့်ပါတယ်။
၃။ အရမ်းကျပ်လွန်းတဲ့ဖိနပ် မစီးပါနှင့်။ အရမ်းကျပ်လွန်းတဲ့ အလုံပိတ်ဖိနပ်တွေ က ခြေသည်းတွေအပေါ် ဖိအားသက်ရောက်စေပြီး အသားနုထဲ ခြေသည်းတွေအပေါ် ဖိအားသက်ရောက်စေပြီး အသားနုထဲ ခြေသည်းနစ်ဝင်အောင် ပ့ံပိုးပေးတာကြောင့် ဖိနပ်ရွေးချယ်တဲ့အခါ နည်းနည်းချောင်တဲ့ဖိနပ်ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
၄။ ခြေထောက်ကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ ခြေထောက်မှာ ဖုန်မှုန့်တွေ ကပ်ငြိတဲ့အခါ၊ ချွေးတွေ၊ ခြေဆီတွေနဲ့ စိုစွတ်နေတဲ့အခါတွေမှာ ခြေစွပ်ငုပ်နာကို ပိုဆိုးရွားစေပြီးအနာရင်းစေဖို့ အခွင့်အလမ်းများပါတယ်။ ဒါကြောင့် သင်ဟာအပြင် မကြာခဏ ဆေးကြောသန့်စင်ပြီး ခြောက်သွေ့အောင် ထားပေးပါ။ ချွေးစုပ်တဲ့
ခြေထောက်လိမ်းပေါင်ဒါတွေလည်းရှိတာမို့ ခြေဆီအထွက်နည်းအောင် ပြုလုပ်လို့ရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သွန်းသော်တာ (B.N.Sc)
Ziwaka magazine, March 2014, Pg. 56
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
