ဝသောသူများ၌ဖြစ်သော အရေပြားပြောင်းလဲမှုများနှင့် ရောဂါများ
25-Feb-2017
ဝသောသူများ၌ဖြစ်သော အရေပြားပြောင်းလဲမှုများနှင့် ရောဂါများ
===========================================
ဝသောသူတချို့ လည်ပင်း၊ ချိုင်းရှိအရေပြားပို၍ ထူထဲလာပြီး မဲလာခြင်းမှာ သာမန်အားဖြင့်ဆိုလျှင် ဝသူများတစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းကောင်းမလုပ်သဖြင့် ဂျီးများပေနေခြင်း၊ စွန်းနေခြင်းဟု အထင်ရောက်ရာ ရှိသော်လည်း တကယ်တော့ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် မဆိုင်ဘဲ ဝသောကြောင့် ဖြစ်ရသော အရေပြားပြောင်းလဲ မှုတစ်ခုသာ ဖြစ်ပါသည်။ ညိုညစ်ညစ်အရောင်ရှိသော ကတ္တီပါအဝတ်ကဲ့သို့ အသွင်မျိုး ရှိနေတတ်ပါသည်။
ပေါင်ခြံကြား၊ တံတောင်ဆစ်၊ ဒူး၊ လက်ချောင်းများအပေါ်နှင့် ချက်တို့ပေါ်၌ ထိုပြောင်းလဲမှုကို တွေ့ရနိုင်ပြီး ဝခြင်းကြောင့်ဖြစ်ရသော အရေပြားပြောင်းလဲမှုများအနက် အများဆုံးဖြစ်လေ့ရှိသော ပြောင်းလဲမှုတစ်ခုဖြစ်ပါသည်။ ထိုအရေပြားမျိုးပေါ်တွင် အသားပို အဖုများပါ တွေ့ရတတ်လေ့ရှိပြီး၊ ထိုနှစ်မျိုးစလုံး ရော၍တွေ့ရပါက ကိုယ်တွင်းကင်ဆာ
ရောဂါတချို့၏ ရှေ့ပြေးလက္ခဏာအဖြစ် ဆေးပညာရှင်များ သတ်မှတ်ကြပါသည်။ ထိုကဲ့သို့ အရေပြားညိုညစ်ကာ ထူထဲကာ ကတ္တီပါကဲ့သို့ ဖြစ်နေခြင်းကို ကိုယ်အလေးချိန် လျော့ ချခြင်းဖြင့်သော်လည်းကောင်း၊ လိမ်းဆေး၊ စားဆေးတချို့တို့ဖြင့် သက်သာပျောက် ကင်းစေနိုင်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာသောင်းညွန့်ရွှေ
Health for all magazine, October 2015, No.105, Pg. 32
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
