ဟော်မုန်း ထုတ်လုပ်မှု မူမမှန်ခြင်းကြောင့် ဝက်ခြံထွက်ခြင်း
25-Feb-2017
ဟော်မုန်း ထုတ်လုပ်မှု မူမမှန်ခြင်းကြောင့် ဝက်ခြံထွက်ခြင်း
ဝက်ခြံပျောက်စေဖို့ နည်းမျိုးစုံနှင့် ကြိုးစားကုသပေမယ့် မပျောက်ဘူးဆိုရင် အရေပြား ဆရာဝန်တွေက ဟော်မုန်းထုတ်လုပ်မှု မူမမှန်တာ hormonal imbalance (endocrine disorder) ကြောင့် ဖြစ်တယ်လို့ သံသယ ဝင်တတ်ကြပါတယ်။ ဒီလို ဟော်မုန်း ထုတ်လုပ်မှု မညီမမျှ ဖြစ်တဲ့အခါမှာ ဖြစ်လေ့ရှိတာက ဟော်မုန်းက အင်ဒရိုဂျင် androgens လို့ ခေါ်တဲ့ အမျိုးသား လိင်ဟော်မုန်းဓာတ်တွေ ပိုထုတ်လုပ် တာမျိုးနဲ့ ကော်တီဇော Cortisol ပမာဏ သိသိသာသာ မြင့်မားလာတာကို တွေ့ရတတ်ပါတယ်။ ဒီဟော်မုန်း နှစ်မျိုးစလုံးက ဝက်ခြံ ထွက်ဖို့အတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
သတိပြုရန်
Anabolic –androgenic steroids လို့ခေါ်တဲ့ ဇီဝတည်ထောင်မှု ဖြစ်စဉ်နဲ့ သက်ဆိုင်တဲ့ စတီးရွိုက် ဆေးဝါးတွေက ဟော်မုန်းထုတ်လုပ်မှုကို ကစဉ့်ကလျားနဲ့ မညီမမျှ ဖြစ်စေပြီး အမျိုးသားရော အမျိုးသမီးတွေမှာပါ မလိုလားအပ်တဲ့ ဝက်ခြံတွေ ကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်တယ်။ ဒါကြောင့်လည်း ဆရာဝန်တွေက စစ်ဆေးတဲ့ နေရာ မှာ ဟော်မုန်းဓာတ် မညီမျှတာကြောင့်နဲ့ ပုံမှန် ဟုတ်မဟုတ် မေးမြန်းတာ ဖြစ်တယ်။
ဝက်ခြံနှင့် အင်ဒရိုဂျင်ဟော်မုန်း ဆက်စပ်မှု
ဝက်ခြံထွက်တဲ့ အကြောင်းရင်းကို ရှာတဲ့အခါမှာ အများဆုံး ထုတ်လုပ်မှု ရှိနေ တာကတော့ အင်ဒရိုဂျင် ဟော်မုန်း (အမျိုးသား လိင်ဟော်မုန်း) လွန်ကဲနေတာကြောင့် ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေ ထက်စာရင် အမျိုးသားတွေမှာ ဝက်ခြံ အဖြစ်များတာကို တွေ့ရတာဖြစ်တယ်။
ဝက်ခြံနဲ့ ဆက်နွှယ်တဲ့ ဟော်မုန်း အပြောင်းအလဲ ပြဿနာတွေကိုတော့ အမျိုးသမီး မှာ တွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေကတော့ ဟော်မုန်း ထုတ်လုပ်မှု မူမမှန် တာကြောင့် ဝေဒနာ ခံစားရလေ့ရှိသူများ ဖြစ်တယ်။ အမျိုးသမီးတွေ ဝက်ခြံဖြစ် ဖို့အတွက် အင်ဒရိုဂျင် ဟော်မုန်းက လှုံ့ဆော်ပေးတာ ဖြစ်တယ်။
ဟော်မုန်းဓာတ် မူမမှန်ခြင်းအား စစ်ဆေးခြင်း
ဟော်မုန်းဓာတ် အပြောင်းအလဲတွေကို မီးယပ်အထူးကု ဆရာဝန်နဲ့ပြပြီး သွေးကို စစ်ဆေးကြည့်မှလည်း သိနိုင်မှာဖြစ်တယ်။ အရွယ်ရောက်တဲ့ အမျိုးသားမှာ ဝက်ခြံ ပေါက်တယ်ဆိုရင် ဆရာဝန်နဲ့ အထွေထွေ ကျန်းမာရေးရော လိင်ဆက်ဆံရေးနဲ့ ပတ်သက်တာတွေကိုပါ ဆွေးနွေးသင့် ပါတယ်။ ဟော်မုန်း စတင်ထုတ်လုပ်တဲ့ အက်ဒွီနယ်ဂလင်းကနေ သာမန်တစ်သျှူးတွေ အဆမတန် ပွားများနေမှာ စိုးလို့ဖြစ်တယ်။ နောက်ပြီး မိမိအနေနဲ့ ဇီဝဖြစ်စဉ်နဲ့ သက်ဆိုင်တဲ့ စတီးရွိုက် Anabolic steroids ဆေးမျိုးသောက်ခဲ့ရင် သောက်ထားတယ်ဆိုတာကို ဆရာဝန်ဆီမှာ ပြောပြဖို့ လိုပါလိမ့်မယ်။ ဒါမှ အမျိုးသားတွေမှာ ပေါက်တဲ့ ဝက်ခြံကို ဘယ်လို နည်းနဲ့ကုရင် ကောင်းမလဲဆိုတာကို စဉ်းစားပေးနိုင်မှာ ဖြစ်တယ်။
သွေးစစ်ဆေးမှုများ
• အမျိုးသား လိင်ဟော်မုန်း တစ်မျိုးဖြစ်တဲ့ တက်စ်တိုစတီရုန်း testosterone ပမာဏကို စစ်ဆေးခြင်း။
• အပျော့စား အင်ဒရိုဂျင် ဆာလ်ဖိတ် Dehydroepiandro-sterone DHEAS ရှိမရှိ စစ်ဆေးခြင်း။
ဒီ သွေးအဖြေကနေ မိမိမှာ အင်ဒရိုဂျင် ဟော်မုန်း ပိုလျှံမှု ဘယ်လောက်ရှိတယ်ဆိုတာသိပြီး
ဆေးကုသမှုအတွက် အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နန်းအိအိဇာ
Wellness magazine, August 2015, Pg. 28-30
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
