အရေးအကြောင်း ထာဝရ ကင်းစင်စေရန်
25-Feb-2017
အရေးအကြောင်း ထာဝရ ကင်းစင်စေရန်
အရေးအကြောင်း ကင်းပြီး အမြဲ နုပျိုပါသလား။ အခု ဖော်ပြပေးမယ့် အချက်တွေကို လိုက်နာ ကြည့်စေလိုပါတယ်။ အဲဒါတွေကတော့ -
၁။ Moisturizer ကို ပုံမှန် အသုံးပြု ပေးပါ။ အဆီများတဲ့ အရေပြားက အရေးအကြောင်း ဖြစ်ဖို့ မလွယ်ပါဘူး။ လေအေးပေးစက်က လေတွေက အရေပြားကို ခြောက်သွေ့စေတာကို သိရှိထားပေးပါ။ အဲဒီအစား ဖြစ်နိုင်ရင် လေဝင် လေထွက်ကောင်းအောင် ပြတင်းပေါက်တွေကို ဖွင့်ထားပေးပါ။
၂။ မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်တဲ့အခါ ညင်ညင်သာသာ ပြုလုပ်ပါ။ မျက်ဝန်း အိမ်နေရာဟာ အရေးအကြောင်း ဖြစ်နိုင်တဲ့ ပထမဆုံး နေရာတွေပါ။ မျက်လုံးအိမ် နေရာတွေ ကို ပွတ်မိခြင်းမျိုး၊ ဆွဲမိခြင်းမျိုးတော့ လုံးဝ မလုပ်မိပါစေနဲ့။
၃။ နံနက် ၁၁ နာရီကနေ ညနေ ၃ နာရီ အတွင်းမှာ နေပူထဲ ထွက်မယ်ဆိုရင် ဦးထုပ် ဒါမှမဟုတ် ထီးကို အသုံးပြုပေးပါ။ ဒါ့အပြင် Sunscreen Lotion ကို မဖြစ်မနေ အသုံးပြုပေးပါ။
၄။ နေရောင်ခြည်ကြောင့် မျက်စိစူးကာ နဖူးကြော ရှုံ့ခြင်း မဖြစ်ရစေရန် မျက်လုံး ထိခိုက် တာမျိုး မဖြစ်ရအောင် နေကာမျက်မှန် တပ်ပါ။
၅။ မျက်နှာပြင် အရေပြားကို မကြာခဏ အာဟာရဓာတ် များပေးပါ။ အထူးသဖြင့် တစ်ပတ် ကို တစ်ကြိမ်လောက်နဲ့ တစ်ကြိမ်ကို ၁၀ မိနစ်လောက်ကို မီးဖိုထဲမှာရှိတဲ့ အသီးအမျိုးမျိုးကို အရည် ပြုလုပ်ပြီး လိမ်းထားပေးပါ။ ဒါ့အပြင် ကြက်ဥအနှစ်ဟာ အာဟာရ အလွန်ပြည့်တဲ့ အတွက် ၎င်းကိုလည်း သုတ်လိမ်းပေးနိုင်ပါသေးတယ်။
၆။ ဒါ့အပြင် Anti-ageing လိမ်းဆေးမျိုးကိုလည်း လိမ်းပေးပါ။
၇။ ပဲပိစပ်နဲ့ စားတော်ပဲတို့မှာ အရေးအကြောင်းကို ကာကွယ်ပေးတဲ့ အာဟာရဓာတ်တွေ ပါဝင်နေတဲ့အတွက် စားသုံးပေးသင့်ပါတယ်။
၈။ နောက် တစ်ချက်ကတော့ ယောဂ လေ့ကျင့်ခန်းပါပဲ။ အဲဒီလေ့ကျင့်ခန်းတွေထဲကမှ ကြိုက်နှစ်သက်ရာ သုံးမျိုးလောက်ကို စွဲစွဲမြဲမြဲ ပြုလုပ်ပေးပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
က့ံကော်
Health for all magazine, August 2015, No.103, Pg. 37
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
