ဝက်ခြံထွက်သူတိုင်း သတိပြုရမယ့် အချက်(၅)ချက်
27-Feb-2017
(၁) မျက်နှာကို အလွန်အကျွံသန့်ရှင်းခြင်း
တကယ်တော့ ဝက်ခြံဆိုတာ မျက်နှာသန့်ရှင်းမှု အားနည်းလို့ချည်း ဖြစ်တာမျိုး မဟုတ်ဘူး။ တခြားအကြောင်းအရာတွေ ပါဝင်နေမယ်။မျက်နှာ အလွန်အကျွံသန့်ရှင်းတာ၊ scrubbing လုပ်တာတွေက တခါတရံ ဝက်ခြံကို ပိုဆိုးစေတယ်။ မျက်နှာမှာ ပုံမှန်အားဖြင့်ကို အဆီလွှာတထပ်ကာထားတယ်။ အဆိုပါအဆီလွှာက အစိုဓာတ်ကို ထိန်းပေးနေမယ်။ မျက်နှာသစ်လွန်းတဲ့အခါ အဆီလွှာမရှိတော့ဘဲ ဝက်ခြံ ပိုထွက်လာစေတယ်။ ပုံမှန်အားဖြင့် တရက်ကို မျက်နှာ နှစ်ကြိမ်ထက်ပိုမသစ်သင့်သလို scrubbing လုပ်တာလည်း တပတ် ကို နှစ်ကြိမ်ထက် ပိုမလုပ်သင့်ပါဘူး။
(၂) မျက်နှာအသားအရေပစ္စည်းများ ပြိုင်တူအသုံးပြုခြင်း
မျက်နှာ အပေါ်ယံအရေပြားလွှာက တလွှာထဲသာရှိတယ်။ အဲဒီတလွှာထဲ ကို ပျောက်ချင်ဇောနဲ့ အလှအပပစ္စည်းတွေ တကြိမ်တည်းမှာ ရောသုံးတာ မှားတယ်။ အသားဖြူဆေး၊ ဝက်ခြံပျောက်ဆေး၊ ပေါင်းတင်ဆေး၊ နေလောင်ကာ၊ မိတ်ကပ် စတာတွေ ပြိုင်တူအသုံးပြုနေခြင်းဟာ ဝက်ခြံကို ပိုဆိုးစေတယ်။
(၃) မျက်နှာကို မကြာခဏ လက်နဲ့ကိုင်တွယ်ခြင်း
ဝက်ခြံကို လက်နဲ့ ကိုင်တွယ်တာမျိုးကို တတ်နိုင်သမျှရှောင်သင့်တယ်။ ဒီအမူအကျင့်ကို ဝက်ခြံပေါက်ရုံမက အမာရွတ်ကိုပါ ဖြစ်စေတယ်။ နောက်ပြီး မိမိဘာသာ ဝက်ခြံဖောက်တာ ၊လက်သည်းနဲ့ဆိတ်တာလည်း တတ်နိုင်သမျှ ရှောင်ကြဉ်ရမယ်။
(၄) ဝက်ခြံကုတဲ့အခါ လုံလောက်တဲ့ အချိန်မပေးခြင်း
ဝက်ခြံတခု သက်သာပျောက်ကင်းဖို့ အနည်းဆုံး အချိန် (၆)ပတ်ကနေ (၁၂)ပတ်ထိ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဝက်ခြံထွက်တဲ့ မျက်နှာပြင်အရေပြားက ဆေးတွေကို တုံ့ပြန်ဖို့ အချိန်ပိုယူရလို့ဖြစိတယ်။
(၅) အရေပြားလိမ်းဆေးတွေ နားမလည်ဘဲ အသုံးပြုခြင်း
ဝက်ခြံထွက်သူအများစုဟာ အရေပြား cleansers, alkaline bar soaps တွေနဲ့ alcohol-based products တွေက ဝက်ခြံကို ပိုဆိုးစေတယ်။ နေလောင်ကာလိမ်းဆေး အများစုက အဆီဂလင်းကို လှုံ့ဆော်လို့ သတိထားသုံးရတယ်။
ပုံမှန်အားဖြင့် မိမိသုံးတဲ့ပစ္စည်းထဲမှာ isopropyl palmitate, isopropyl myristate, butyl stearate, isopropyl isostearate, decyl oleate, isostearyl neopentanoate, isocetyl stearate, myristle myristate, cocoa butter, acetylated lanoline နဲ့ ဆိုးဆေး D & C red dyes တွေပါရင် ဝက်ခြံကို ပိုဆိုးစေ လို့ ရှောင်သင့်တယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ဒေါက်တာ အေးမင်းထူး
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
