အရောင်ပြောင်းတဲ့ အရေပြား
27-Feb-2017
အရေပြားဟာ ပတ်ဝန်းကျင် နေမင်းရဲ့ ပြင်းအားပေါ် မူတည်ပြီး အရောင်ပြောင်းပါတယ်။ ပုတ်သင်ညိုကတော့ သူနေတဲ့ပတ်ဝန်းကျင်က သစ်ပင်၊ သစ်ရွက်၊ သစ်ခေါက်တွေရဲ့ အရောင်အတိုင်း ပြောင်းပါတယ်။ တချို့နိုင်ငံခြားက ပြန်လာရင် အသားတွေ ဖြူလာတယ်၊ လက်လာတယ်လို့ ပြောကြတာကြုံဖူးကြမှာပါ။ ကြံကြံဖန်ဖန် ရန်ကုန်သူရယ်၊ မန္တလေးရောက်လို့ အသားမည်းပါသတဲ့ဆိုတဲ့ သီချင်းစာသားကိုလည်း အားလုံးကြားဖူးနေကြတာပါ။
လူတစ်ယောက်ဟာ ရုတ်တရက် ရာထူးတွေ၊ အာဏာတွေ မရှိသွားတဲ့အခါ စိတ်နေစိတ်ထားပြောင်းသွားတတ်ပါတယ်။ အဲဒါကို အရပ်ထဲမှာ ဒီလူတော့ အရောင်ပြောင်သွားပြီလို့ တင်စားရှုစားရလေ့ရှိပါတယ်။ လူရဲ့အရေပြားအရောင်ဟာ ပုတ်သင်ညိုလိုတော့ ရောင်စုံ မပြောင်းတတ်ပါဘူး။ ဖြူတာ၊ ညိုတာ၊ ရင့်တာ၊ မည်းတာစသဖြင့်တော့ ပထဝီဝန်းကျင်နဲ့ နေရောင်ခြည်ပေါ် မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ လူမျိုးနှင့် ဗီဇကြောင့် ပင်ကို မည်းတာ၊ ဖြူတာတော့ ရှိတာပေါ့လေ။
ယေဘုယျအားဖြင့် ကမ္ဘာပေါ်မှာ အပူပိုင်းဒေသမှာ နေထိုင်တဲ့ သူတွေရဲ့ အသားအရေဟာ ညိုမည်းလေ့ရှိပြီး အေးမြတဲ့ အရပ်ဒေသတွေမှာ နေထိုင်တဲ့သူတွေရဲ့ အသားအရေကျတော့ ဖြူလေ့ရှိတတ်ပါတယ်။ အရေပြားဟာ ပတ်ဝန်းကျင်နဲ့ တတ်နိုင်သလောက် လိုက်လျောညီထွေဖြစ်အောင် အရောင်ပြောင်းသွားတယ်ဆိုပါတော့။ ဒီလိုဖြစ်ရတာဟာ အရေပြားရဲ့ အပေါ်လွှာထဲက မယ်လနင်ဓာတ်တွေ များများထွက်လာလေ အသားအရေကလည်း ညိုမည်းလေပါ။ နေရောင်ခြည်နည်းရင်တော့ မယ်လနင်ဓာတ်တွေ နည်းနည်းပဲလိုတာမို့ အသားအရေဖြူနေတာပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဦးကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
Arogyam magazine, August 2016, Pg. 76
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
