Air-con ခန်းထဲ အရေပြားကို ခြောက်သွေ့ခြင်း မဖြစ်အောင်
27-Feb-2017
သင် make up အသုံးပြုခဲ့ပါက မလိမ်းမီ moisturizer ကို ဂရုတစိုက်နဲ့ လိမ်းပေးရပါမယ်။ ကြာရှည်ခံတဲ့ moisturizer ဖြစ်လျှင် ပိုပြီးကောင်းမွန်ပါလိမ့်မယ်။ make up အသုံးမပြုသူဆိုလျှင်တော့ အလုပ်ခန်းထဲသို့ cool tower ကဲ့သို့သော အဝတ်စလေးများ အသင့်ယူဆောင်ထားပြီး နေ့လယ်နေ့ခင်း ရောက်ချိန်လောက်တွင် အရေပြားအား ပွတ်တိုက်ပေးခြင်းဖြင့် သင့်အရေပြားကို ခြောက်သွေ့ခြင်းမှ လျော့ပါးစေမှာပါ။
အိမ်သို့ပြန်ရောက်ပါကလည်း ရေချိုးပြီးဖြစ်စေ၊ အရေပြားကို သန့်ရှင်းစေရန်
ဆေးကြောပြီးနောက်ဖြစ်စေ ရေနွေးဝတ်ဖြင့် အရေပြားကို ပွတ်တိုက်ပေးခြင်းဖြင့် ချွေးပေါက်များကို ပွင့်စေပါမယ်။ တစ်ဖန် toner ကို လိမ်းထားပါ။ Toner က အဆီပိုများကို စုပ်ယူပေးနိုင်မှာ ဖြစ်ပါတယ်။ တဖန် moisturizer ကို အရေပြားပေါ်လိမ်း၍ ၁၀-၁၅ မိနစ်ထားပြီးမှပြန်သုတ်ပစ်ပါ။ တစ်ပတ်လျှင်တစ်ကြိမ် မိမိအိမ်မှာပင်ဖြစ်စေ မျက်နှာကို skincare ပြုလုပ်ပေးပါ။ အောက်ပါအမျိုးအစား အမည်များကို ရောနှော၍ ပြုလုပ်ပေးနိုင်ပါတယ်။
၁။ မြင်းစားဂျုံမှုန့်ညက်ပန်းကန်လုံးနှင့် တစ်လုံး
၂။ အလတ်စား ငှက်ပျောသီး တစ်ဝက်
၃။ အခွံခွာပြီးသား သခွားသီးအလတ်စားတစ်ဝက်
၄။ ပျားရည်ပန်းကန်လုံးနှင့် တစ်ဝက်
၅။ yogurt ပန်းကန်လုံးနှင့် တစ်ဝက်
ပထမဦးစွာ မြင်းစားဂျုံများကို blender ထဲသို့ ထည့်၍ကြိတ်ပါ။ ထိုအထဲသို့ ကျန်အရာများကို ဖပ်သေးသေးစိတ်၍ မြင်းစားဂျုံထဲရောထည့်ပြီး ထပ်မံကြိတ်ပါ။ အထက်ပါ အမျိုးအမည်များပါသော အရည်ကို bursh တစ်ခုဖြင့် အရေပြားပေါ် သုတ်လိမ်း၍ဖြစ်စေ၊ အဝတ်စနုနု တစ်ခုဖြင့်ဖြစ်စေ သုတ်လိမ်းပေးထားပါတယ်။ ကျန်ရှိနေသေးသော အရည်များကို လေလုံအောင်ပိတ်ထားသော ပုလင်းဖြင့်ထည့်၍ ရေခဲသေတ္တာထဲသို့ ငါးရက်အထိ ထည့်ထားနိုင်ပါတယ်။ မြင်းစားဂျုံတွင် အရေပြားကို နူးည့ံပြီး စိုစွတ်စေသော အာနိသင်ရှိပြီး ကျန်အရာများတွင် antioxidants protein များနှင့် vitamin များ ပါဝင်ပါတယ်။ အရေပြားပေါ် ၁၅ မိနစ်ထားပြီးပါက ရေနွေးနှင့်ပထမဆေးကြောပြီးနောက် ရေအေးနဲ့ ထပ်မံစစ်ဆေးပေးပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Health for all magazine, November 2012, Pg. 52
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
