အကြောပြတ်ရာများ
27-Feb-2017
အရေပြားဟာ နဂိုသဘာဝထက် လွန်ကဲပြီးတော့ ဆွဲဆန့်တာမျိုး ခံရတဲ့အခါ ကော်လာဂျင်အမျှင် (collagen fibres) ရဲ့ အလယ်ပိုင်း အလွှာ ကွဲထွက်သွားပြီး အမာရွတ် နက်နက်တွေဟာ အရေပြားအပေါ်ယံလွှာ (epidermis) မှာ မြင်တွေ့နိုင်တာဖြစ်တယ်။ အထူးသဖြင့် ရုတ်တရက် ဝလာတာ၊ ကိုယ်ဝန်ဆောင်တာနဲ့ ရုတ်တရက် လျင်မြန်စွာ ကြွက်သား ကြီးမားလာတာမျိုးတွေ ဖြစ်တဲ့အခါမှာ အကြောတွေ ပြတ်တာဖြစ်တယ်။
အချိန်ကြာလာတဲ့အချိန်မှာ မှေးမိန်သွားတတ်ပေမယ့် လုံးဝပျောက်သွားအောင်တော့ မလုပ်နိုင်ကြသေး ပါဘူး။ လေဆာနဲ့ ဖျောက်ဖျက်တာမျိုးတော့ ကြိုးစားလုပ်ဆောင်နေကြပါတယ်။ အကြောပြတ်ချိန် ကြာမြင့်လေ ဖျောက်ဖျက်ရ ခက်လေပါပဲ။ များသောအားဖြင့်ကတော့ ဗီတာမင်အီးခရင်မ်ကို လိမ်းကြပါတယ်။ ဗီတာမင် အီး ဟာ အရေပြားကို နူးည့ံပျော့ပျောင်းစေတဲ့အတွက် ကိုယ်ဝန်ဆောင်စဉ်နဲ့ ကိုယ်အလေးချိန် လျှော့တဲ့ အချိန်တွေမှာ လိမ်းဖို့သင့်တော်ပါတယ်။ အသားအရေ လှပလိုသူတိုင်း ခြေ၊လက်နေရာတွေမှာ နေ့ည လိမ်းပေးနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နန်းအိအိဇာ
အသားအရေ စိုပြည်လှပစေမည့် နည်းလမ်းကောင်းများ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

