နှင်းခူ
27-Feb-2017
နှင်းခူဆိုသည်မှာ ကြာရှည်စွာဖြစ်ပွားတတ်သော အရေပြားရောဂါတစ်မျိုးုဖြစ်ပြီး အဓိကလက္ခဏာများအနေဖြင့် နီရဲခြင်း၊ နာကျင်ခြင်း၊ ယားယံခြင်း၊ အရည်စိမ့်ထွက်ခြင်း တို့ဖြစ်တတ်သည်။ ဖြစ်ပွားတတ်သောနေရာများမှာ လက်သီးဆုပ်နေရာ၊ တံတောင်ဆစ်နှင့် လက်ကောက်ဝတ် စသောနေရာတို့ဖြစ်ကြပြီး အရေပြားခြောက်သွေ့ခြင်း၊ အရေပြား ကွာထွက်ခြင်းစသည်တို့ ဖြစ်လေ့ရှိသည်။ ရောဂါဖြစ်ပွားရခြင်းမှာ အရေပြား၏ တုန့်ပြန်မှုများ ပုံမှန်မဟုတ်ခြင်းကြောင့်ဖြစ်ရပြီး အလားတူတုန့်ပြန်မှု များပြား၍ ဖြစ်သောရောဂါများ ဖြစ်သည့် ရင်ကြပ်ပန်းနာနှင့် hay fever ရောဂါတို့သည်လည်း မိသားစုဝင်များအတွင်း ရှိနိုင်ပေသည်။
နှင်းခူရောဂါသည် ကလေးငယ်များတွင် အဖြစ်များပြီး အစားအသောက်နှင့် မတည့်ခြင်းကြောင့် ဖြစ်ပွားလေ့ရှိသည်ကို တွေ့ရသည်။ ကလေးငယ်များတွင်နှင်းခူဖြစ်ခြင်း (Infantile eczema) ကို နို့မှုန့်တွင် ပါဝင်သော ပရိုတင်းဓာတ်နှင့် မတည့်သော ကလေးငယ်များတွင် တွေ့ရသည်။ မိခင်နို့တိုက်ကျွေးခြင်းဖြင့် နှင်းခူရောဂါ မဖြစ်ပွားစေနိုင်ဘဲ မိသားစုဝင်အတွင်း ဤသို့ဓာတ်မတည့်ခြင်း ရောဂါ နောက်ခံရှိပါကဖြစ်နိုင်လျှင် ပထမ (၆) လအတွင်း ကလေးငယ်ကို နို့မှုန့် မတိုက်ကျွေးသင့်ပေ။
ကံကောင်းသောအချက်များမှာ ကလေးငယ်အများစုသည် နှင်းခူရောဂါ မဖြစ် ပွားကြခြင်းဖြစ်သည်။ နှင်းခူရောဂါ ဖြစ်ပွားပြီဆိုပါကလည်း ပျောက်ကင်းအောင် ကုသရန် ခက်ခဲပြီး လူနာတွင် ၎င်းနှင့်ဓာတ်မတည့်သော ပစ္စည်းတစ်ခုခုရှိနေတတ်သည်။ ကလေးငယ်များကို ချည်ထည်သာ ဝတ်ဆင်ပေးသင့်ပြီး အပူချိန်မလွန်ကဲစေရန်လည်း သတိပြုသင့်ပါသည်။ နှင်းခူရောဂါရှိသူများမှာ ဆပ်ပြာကို လုံးဝမသုံးသင့်ဘဲ အဆီပါသော အရည် (ဥပမာ oilatum)အစရှိသော အရည်ကိုသာ ရေချိုးသန့်စင်ရန်အသုံးပြုသင့်ပါသည်။နှင်းခူကိုလိမ်းရန် လိမ်းဆေး များပြားစွာရှိပြီး ဆရာဝန်ညွှန်ကြားသည့်အတိုင်း ရေရှည်သုံးစွဲ ကုသသင့်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
