အရေပြား မွဲခြောက်ခြင်းများအတွက်
27-Feb-2017
အလှအပ မည်မျှပင် ပြင်ဆင်ထားစေကာမူ ကြည်လင်ရှင်းသန့်သည့် အသားအရေ မရှိပါက လှပသင့်သလောက် လှပနိုင်လိမ့်မည် မဟုတ်ပေ။ ခနွာကိုယ်ပြင်ပရှိ အရေပြားစိုပြည်ဖို့ရန်အတွက် ခနွာကိုယ်တွင်း၌ပါ ရောဂါပိုးမွှားများ ကင်းစင်စေရန်လည်း အထူးလိုအပ်ပါသည်။ ကျန်းမာရေးနှင့်ညီညွှတ်စွာ ပြုမူနေထိုင်ခြင်းသည်သာလျှင် ကောင်းမွန်ပြည့်စုံသည့် အရေပြားပိုင်ရှင်များ ဖြစ်လာနိုင်ပေသည်။ ထိုထက်မက အသားအရေ နူးည့ံ ချောမွေ့စေလိုပါကလည်း မိမိအသားအရေ အမျိုးအစားပေါ်မူတည်၍ အရေပြားထိန်းသိမ်းသည့် နည်းစနစ်များဖြင့် ဂရုတစိုက် ထိန်းသိမ်းရန်လည်း အထူးလိုအပ်လှပါပေသည်။
အရေပြား စိုပြည်စေရန် ထိန်းသိမ်းနည်းများ
၁။ ပျားရည်နှင့် နို့ကို ရောနှော၍ မျက်နှာပြင်ပေါ်တွင် လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့လာစေနိုင်ပါသည်။
၂။ မျက်နှာပြင် အရေပြားကို ဆေးကြောသန့်စင်ရာတွင် ရှောက်သီးနှင့် စပျစ်သီးတို့ဖြင့် အသုံးပြုပေးပါ။ ရှောက်သီးသည် အညစ်အကြေးများကို ကင်းစင်စေပြီး စပျစ်သီးမှာမူ အရေပြားကို နူးညံ့စေနိုင်ပါသည်။
၃။ ခနွာကိုယ် အရေပြား နူးည့ံစေရန်အတွက် ပူဒီနာရွက် (ကုလားစိမ်းပင်) ကို ဗာဒံသီးများနှင့် ရောကြိတ်၍ ရေနွေးအနည်းငယ်နှင့် ရော၍ ခန္ဓာကိုယ်တစ်ခုလုံးကို လိမ်းကျံပေးပါ။ ခြောက်သွားသည်အထိထားပြီးမှ ရေခပ်နွေးနွေးဖြင့် ဆေးကြောသန့်စင်ပေးပါ။
၄။ မုန်လာဥနီကို အရည်ပြုလုပ်ပြီး အစွန်းအကွက်များနှင့် အမာရွတ်များရှိသည့် နေရာများကို နေ့စဉ်လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါလိမ့်မည်။
၅။ ကြက်ဥအကာတစ်လုံးကို ပျားရည်နှင့်ရောနှော၍ မျက်နှာပေါ် လိမ်းကျံပေးပါက အရေပြား ညိုညစ်ခြင်းများက လျော့ပါးသက်သာစေနိုင်ပါလိမ့်မည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဧကမ္ဘာ
Health for all magazine, August 2016, Pg. 42
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
