Dermatitis (အရေပြား ရောင်ရမ်းခြင်း)
27-Feb-2017
Dermatitis သည် အရေပြား ရောင်ရမ်းခြင်း တစ်မျိုးဖြစ်ပြီး နှင်းခူ၊ ဗောက်ထခြင်းနှင့် အရေပြား နီရဲခြင်း အစရှိသည်တို ့ပါဝင်ပါသည်။
လက္ခဏာများ
Dermatitis ၏ လက္ခဏာများအနေဖြင့်
. Eczema ( နှင်းခူ) ဆိုလျှင် - တံတောင်ဆစ်၊ ဒူးနောက်ပိုင်းနှင့် လည်ပင်း အရှေ့ဘက်တွင် နီရဲခြင်း၊ ယားယံခြင်း
. Contact dermatitis ဆိုလျှင် - Allergic ဖြစ်စေသော အရာများနှင့် ထိသောနေရာ၌ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ယားယံခြင်းနှင့် အရည်ကြည်ဖု ပေါက်ခြင်း
. Seborrhoeic dermatitis - အဆီထွက်များသော နေရာများဖြစ်သော မျက်နှာ၊ ရင်ဘတ်အပေါ်ပိုင်းနှင့် ကျောတွင် အကွက်များ ထခြင်း၊ နီရဲခြင်းတို့ ဖြစ်တတ်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
Dermatitis ဖြစ်ပွားရသော အကြောင်းရင်းမှာ ရောဂါအပေါ်လိုက်၍
- Eczema … အရေပြား ခြောက်ခြင်း၊ Gene (မျိုးရိုးဗီဇ) ပြောင်းလဲခြင်း၊ ခုခံအားစနစ် မကောင်းမွန်ခြင်း၊ ဘက်တီးရီးယားများနှင့် ပတ်ဝန်းကျင် အခြေအနေများကြောင့်လည်းကောင်း
- Contact dermatitis … မတည့်သော ( Allergic ) ဖြစ်စေနိုင်သော ရေမွှေး၊ အလှကုန်ပစ္စည်း၊ Nickel ပါသော ရတနာများနှင့် အဆိပ်များကြောင့် လည်းကောင်း
- Seborrhoeic dermatitis … Yeast ဟုခေါ်သော မှိုတစ်မျိုးကြောင့်လည်းကောင်း ဖြစ်စေနိုင်ပါသည်။
ဖြစ်နိုင်ချေများသူများ
. Age (အသက်အရွယ်- Dermatitis) သည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်ပြီး နှင်းခူဆိုလျှင် မွေးကင်းစကပင် စတင်၍ ဖြစ်ပွားနိုင်သည်။
. ဓာတ်မတည့်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ ရှိသူများ
. သတ္တုနှင့် အစွန်းချွတ်ဆေးများကို ကိုယ်တွယ်ရသူများ
. နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်သူများ၊ Parkinson’s disease နှင့် HIV ရောဂါရှိသူများတွင် ပိုအဖြစ်များလေ ့ရှိပါသည်။
နောက်ဆက်တွဲ ပြဿ နာများ
Dermatitis ကြောင့် ယားယံခြင်း ဖြစ်ပွားကာ အရေပြားကို ကုတ်မိ၍ အနာများဖြစ်ရာမှတစ်ဆင့် ပိုးများဝင်ရောက်လာကာ ပျံ ့နှံ ့မှုများ ဖြစ်စေနိုင်ပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
Dermatitis သည် မကုသဘဲ ထားပါက ပိုဆိုးလာကာ ပိုးဝင်ရောက်နိုင်သည့်အတွက် လက္ခဏာများ စတင်ခံစားရသည်နှင့် နီးစပ်ရာ ဆေးခန်း(သို ့) အရေပြားအထူးကု ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။
စစ်ဆေးမှုများ
ရောဂါအကြောင်း သိရှိရန် ခံစားနေရသော လက္ခဏာများအား မေးမြန်းခြင်း၊ အရေပြားအား စမ်းသပ်ခြင်းများအပြင် အသားစယူခြင်းနှင့် Patch testing ခေါ် အရေပြားပေါ်တွင် စမ်းသပ်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။
ကုသခြင်း
Dermatitis အား ကုသရာတွင် စတီးရွိုက်ပါသော လိမ်းဆေးများ လိမ်းခြင်းနှင့် အလင်းဖြင့် ကုသခြင်း (Phototherapy) များဖြင့် ကုသနိုင်ပါသည်။
ကာကွယ်ခြင်း
Dermatitis ရောဂါ မဖြစ်စေရန်အတွက်
- ရေချိုးချိန်ကို ၁၀ - ၁၅ မိနစ် အတွင်းသာ ချိုးခြင်း
- သိပ်မပြင်းသော ဆပ်ပြာများသာ သုံးခြင်း
- အရေပြားကို ခြောက်သွေ ့အောင် ထားခြင်း
- အစိုဓာတ်ထိန်း ကရမ် (Cream ) များ လိမ်းပေးခြင်း တို ့ကို ပြုလုပ်ပေးသင့်ပါသည်။
Paing
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Mayo clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
