Print

အသက် ၅၀ ကျော် အမျိုးသမီးများ သွေးဆုံးပြီးချိန် အသားအရေ ခြောက်သွေ့ခြင်း

  27-Mar-2017
Preview Image

အမျိုးသမီး တွေမှာ အသက် ၄၀ ကျော် ၅၀ နောက်ပိုင်း သွေးဆုံးပြီးတာနဲ့ အမျှ အရေပြားပြောင်းလဲမှုတွေ တွေ့ကြုံလာရတတ်ပါတယ်။ အထူးသဖြင့် အသားအရေ မွဲခြောက်ခြောက်ဖြစ်လာတာ၊ မျက်နှာမှာ တင်းတိပ်တွေ ပိုထွက်လာတာ၊ အသားအရေ တင်းတင်းရင်းရင်း မရှိတော့တာနဲ့ အရေပြားမှာ အသားရောင်မညီတာတွေ အဖြစ်များလာတာကို တွေ့ရမှာဖြစ်ပါတယ်။

 

ဒီလိုမျိုးဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ 

• အသက်ကြီးလာတာနဲ့အမျှ အရေပြားကို ဂရုမစိုက်မိတော့တာ နဲ့
• အရေပြားမှာ အဆီဓာတ်နဲ့ ရေဓာတ်ခမ်းခြောက်လာတာ တို့ကြောင့်ဖြစ်ပါတယ်။

အရေပြားမျာ အဆီဓာတ်နဲ့ ရေဓာတ်ခမ်းခြောက်လာတာအတွက် ဘာတွေလုပ်ပေးလို့ရမလဲ??

 

ရေဓာတ်ခမ်းခြောက်တာ သက်သာစေဖို့ ရေများများသောက်ပါ။

တစ်ရက်ကို ရေအနည်းဆုံး ၃လီတာခန့်သောက်ပေးပါ။ သို့မှသာ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ရေဓာတ်ပမာဏကိုရရှိပြီး အသားအရေမွဲခြောက်ခြောက်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

 

သနပ်ခါးလူးခြင်းကို လျှော့ပါ။

မြန်မာအမျိုးသမီး အတော်များများဟာ သနပ်ခါးကို ငယ်စဉ်ကတည်းက စွဲစွဲမြဲမြဲ လိမ်းလေ့ရှိ
ကြပါတယ်။အသက်ငယ်ရွယ်စဉ်အခါမှာ မသိသာပေမဲ့ သွေးဆုံးပြီးချိန်မှာတော့ သနပ်ခါးကြောင့် မျက်နှာ အရေပြားမှာရှိတဲ့ အဆီဓာတ်ခမ်းခြောက်ပြီး မျက်နှာ အသားမညီတာမျိုးဖြစ်တတ်ပါတယ်။

 

အဆီဓာတ်များတဲ့ မျက်နှာလူးတဲ့ စနိုး နှင့် ခန္ဓာကိုယ်အတွက် Lotion များလိမ်းပေးပါ။

စနိုးနဲ့ Lotion တွေမှာ ပါတဲ့ အဆီဓာတ်ကြောင့် အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အပြင် အရေးပြားအတွင်းမှာရှိတဲ့ ရေဓာတ်ခမ်းခြောက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

အရည်ရွှမ်းတဲ့ အသီးအနှံများများစားပါ။

အရည်ရွှမး်တဲ့ အသီးအနှံအများစုမှာ ပါတတ်တဲ့ ဗီတာမင် စီ (Vitamin C) မှာ အိုမင်းရင့်ရော်မှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တဲ့ Anti-oxidant ဂုဏ်သတ္တိရှိတာကြောင့် အသားအရေ လျော့ရွဲမှုကို ကာကွယ်ပေးနိုင်ပါတယ်။

 

မပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို နေ့စဉ်မှန်မှန်ပြုလုပ်ပေးပါ။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း စိတ်ဖိစီးမှုများကို လျော့နည်းစေပြီး ကြွက်သားများ သန်မာစေသောကြောင့် အသားအရေ တင်းတင်းရင်းရင်းရှိစေသောကြောင့် တစ်နေ့လျှင် အနည်းဆုံး နာရီဝက်ခန့် အချိန်ပေးပြီး ကိုယ်လက်လုပ်ရှားမှုတစ်ခု ပုံမှန်ပြုလုပ်ပေးသင့်ပါသည်။

အမျိုးသမီးများအားလုံး လှပစိုပြေသော အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ …..


Credit :  Dr.Genius (7887 Healthcare Call Center)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18