သင့် အရေပြား အကြောပြတ်ရာလေးတွေကြောင့် စိတ်မညစ်ပါနဲ့
18-Sep-2017
အရေပြားပေါ်ကအမြင်မလှတဲ့ stretch mark ခေါ် အကြောပြတ်ရာတွေတွေကြောင့် စိတ်ညစ်နေတဲ့ ပျိုမေလေးတွွေ အတွက် လေဆာပစ်ခြင်း အရေပြားခွဲစိတ်ကုသမှုပြုခြင်းများမလုပ်ရဘဲ သဘာဝအတိုင်း လှပစေမည့် နည်းလမ်းကောင်းလေးတွေ ဆွေးနွေးတင်ပြလိုက်ပါတယ်
(၁) ကြက်ဥအကာသုံးကြည့်ပါ
ကြက်ဥအကာမှာ အသားဓာတ်ပြည့်ဝလို့ သင့်အသားအရေကို အားပြည့်စေပါသည်။ကြက်ဥအကာကို အကြောပြတ်တဲ့နေရာမှာ စိမ့်ဝင်အောင် အသာအယာပွတ်ပေးပြီး နာရီဝက်ခန့်စောင့်ပေးပါ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချပါ
(၂) အာလူးစိတ်နဲ့ ပွတ်ပေးပါ
အားလူးကို အကွင်းလိုက်လှီးပြီး အာလူးအရည်စိုစိုလေးနဲ့ ၁၅မိနစ်ခန့်ပွတ်ပေးပါ။ခြောက်သွားတဲ့ စောင့်ပြီး ရင် ရေနဲ့ ဆေးချပေးပါ။နောက်တစ်နည်းကတော့အာလူးနဲ့မပွတ်မီ ရေအရင်ချိုးပါ။ရေဘာကြောင့်ချိုး ရသလဲဆိုရင်တော့ အရေပြားပေါ်က ချွေးပေါက်တွေပွင့်ထွက်လာအောင်နဲ့ အရေပြားပေါ်က သေနေတဲ့ ကလာပ်စည်း တွေ အလွှာလိုက် ကွာကျသွားတော့မှ အရေပြားမှာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထု ဓာတ်ဆားတွေ စိမ့်ဝင်သွားစေနိုင်သောကြောင့် ဖြစ်သည်။
(၃) လီမွန်ဆီ
သံပုရာသီးကထုတ်တဲ့ ဓာတ်က အကြောပြတ်ရာတွေရဲ့ အရောင်ကို ဖျော့သွားစေပါသည်။ ကြာရှည်သုံးစွဲပေးပါက အကြောပြတ်ရာလေးတွေ မှိန်သွားစေပါသည်။သံပုရာသီးကိုလည်း ရေချိုးပြီးမှ လိမ်းပေးရင် ပိုကောင်းပါသည်။
(၄)သံလွင်ဆီ
အသားအရေကောင်းခြင်း၊ ဆံပင်သန်စွမ်းတောက်ပြောင်ခြင်းစတဲ့အလှအပအတွက် မရှိမဖြစ်လက်စွဲဖြစ်သလို အကြောပြတ်ရာတွေ မှိန်စေဖို့တဲ့အကျိုးကျေးဇူးလည်းရှိပါသည်။သံလွင်ဆီကိုလက်ဖဝါးထဲထည့်ပြီးပွတ်ကာ နွေးလာချိန်တွင် အရေပြားပေါ်လူးပေးပါ။
(၅)ရှားစောင်းလက်ပပ်
အသားအရေစိုပြည်ခြင်း၊ ချောမွေ့ခြင်း၊ အကြောပြတ်ခြင်းကြောင့် အရေပြားယားယံခြင်းကို သက်သာစေတဲ့ အပြင် အရောင်မှိန်စေပါသည်အထက်ဖော်ပြပါ ပစ္စည်း တွေဟာ သဘာဝ ပစ္စည်း များဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုး မရှိပဲ သင့်အသားအရေ စိုပြည်လာသလို အကြောပြတ်ခြင်းတွေ မှိန်လာပြီး သက်သာပျောက်ကင်းလာမှာကို တွေ့ရမှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်
Credit to Health Digest
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
