အရေးကြောင်းတွေ ဘာကြောင့်ဖြစ်ရလဲ။
17-Aug-2020
အရေးကြောင်းတွေဆိုတာ
သက်ကြီးဖြစ်စဉ်ရဲ့ သဘာဝအလျောက်တုံ့ပြန်မှုပဲဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့
ဇီဝကမ္မဖြစ်စဉ်တွေဟာ လုပ်ဆောင်နိုင်မှုကျဆင်းလာပြီး အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်အားကောင်းစေတဲ့
ကိုလာဂျင်ထုတ်လုပ်မှုဟာလည်း အသက်ကြီးလာတာနဲ့အမျှ လျော့နည်းလာပါတယ်။ ဒီအခါမှာ အရေးကြောင်းတွေ
စတင်ဖြစ်ပေါ်လာပါတယ်။
ခြုံပြောရရင် အရေးကြောင်းဖြစ်စေမှုအပေါ်
ခန္ဓာကိုယ်တွင်းဖြစ်စဉ်တွေ (ဇီဝကမ္မဖြစ်စဉ်၊ မျိုးရိုးဗီဇ၊ ဟော်မုန်းအပြောင်းအလဲ) နဲ့
ခန္ဓာကိုယ်ပြင်ပက ထိတွေ့မှုတွေ (နေရောင်ခြည်ထိတွေ့မှု များတာ၊ အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်ဝန်းကျင်နဲ့
ထိတွေ့မှု၊ လေထုညစ်ညမ်းမှု) က သက်ရောက်နေပါတယ်။
မျက်နှာပြင်အနေအထားအရ
ကြည့်မယ်ဆိုရင် ကြွက်သားလှုပ်ရှားမှု အားနည်းလာတာ၊ ထုထည်လျော့နည်းလာတာ၊ မျက်နှာပြင်ရှိ
အဆီတစ်သျှူးတွေ ပုံပျက်လျော့နည်းလာတာ၊ ထောက်ပံ့ပေးတဲ့ အရိုးတည်ဆောက်မှုအားနည်းလာတာ စတာတွေအကုန်လုံးက
အသက်ကြီးလာတဲ့အခါ မျက်နှာပြင်ရဲ့ အသွင်အပြင် ပြောင်းလဲလာတာ၊ အသားအရေ လျော့တွဲလာတာတွေကို
ဖြစ်စေပါတယ်။
အရေးကြောင်းတွေသက်သာအောင် လုပ်ဆောင်နိုင်သော နည်းလမ်းများ
တကယ်လို့မှ သင်ဟာ
အရေးကြောင်းတွေကို အလှအပရေးရာပြုပြင်မှုတွေရဲ့ အကူအညီရယူလိုတယ်ဆိုရင်တော့ ဒီနေ့ခေတ်မှာ
အရေးကြောင်းတွေသက်သာပျောက်ကင်းစေဖို့ လုပ်ဆောင်နေတဲ့ နည်းလမ်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
အလှကုန်ပစ္စည်းများ အသုံးပြုခြင်း
ဒီထဲမှာ အလွယ်တကူဝယ်ယူပြီး
ကိုယ်တိုင်အသုံးပြုနိုင်တဲ့ အရေးကြောင်းပျောက်ကင်းစေတဲ့ အလှကုန်တွေ (Daily skin
care)၊ ခရမ်းလွန်ရောင်ခြည် ကာကွယ်တဲ့ အလှကုန်တွေ အသုံးပြုတာ (Corret sun
protection) တွေ ပါဝင်ပါတယ်။
ဆေးဝါးအကူအညီရယူခြင်း
အရေးကြောင်းတွေ
ဖြစ်စေတဲ့ အိုမင်းခြင်းဖြစ်စဉ်ကို နှောင့်နှေးစေဖို့ ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းတွေပါဝင်တဲ့
ဆေးတွေကို ပုံမှန်မှီဝဲတာပါ။ ဒီထဲမှာ ကိုလာဂျင်ဆေးတွေလည်းပါဝင်သလို ဗီတာမင်နဲ့ သတ္ထုဓာတ်၊
ကိုအင်ဇိုင်းကျူ - ၁၀ စတဲ့ ဖြည့်စွက်ဆေးတွေလည်း ပါဝင်ပါတယ်။ နောက်ပြီး ဟော်မုန်းအစားထိုး
ကုသတာတွေလည်း ပါဝင်ပါတယ်။
အလှအပဆိုင်ရာပြုပြင်ခြင်း
ဒါက Aesthetic
Clinic (အလှအပဆိုင်ရာ ဆေးခန်း) တွေမှာ လုပ်နိုင်တဲ့ အရေပြားကုသမှုတွေကို ဆိုလိုပါတယ်။
ဒီထဲမှာ အရေပြားအပေါ်ယံလွှာရှိ ဆဲလ်သေဖယ်ရှားတာ (Chemical Peeling)၊ လေဆာဓာတ်ရောင်ခြည်
ကုထုံးတွေဖြစ်တဲ့ Visible light device, Intense pulsed light (IPL), Ablative and
nonablative laser photo- rejuvenation, Radiofrequency (RF) စတာတွေ ပါဝင်ပါတယ်။ ဆုံးရှုံးသွားတဲ့
မျက်နှာပြင်အဆီ ပြန်လည်ဖြည့်တင်းတာ (Restoration / redistribution of fat and
volume loss)၊ ကိုလာဂျင်ထိုးသွင်းတာ စတာတွေ ပါဝင်ပါတယ်။
လူနေမှုပုံစံပြုပြင်ပြောင်းလဲခြင်း
ဒီထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့
နေထိုင်စားသောက်မှုပုံစံအတိုင်း လိုက်နာတာ၊ ကိုယ်လက်လှုပ်ရှားပုံမှန်လုပ်တာ၊ ဆေးလိပ်၊
အရက်ရှောင်တာ၊ ညစ်ညမ်းတဲ့ လေထု၊ အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်ဝန်းကျင်ကနေ ရှောင်တာ၊ ခရမ်းလွန်ရောင်ခြည်ကာကွယ်တာ၊
စိတ်ဖိစီးမှုနည်းအောင် နေထိုင်တာတွေ ပါဝင်ပါတယ်။
Credit : AROGYAM
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
