အမျိုးသမီးတွေသာ အရေးအကြောင်းဖြစ်လွယ်တာလား
05-Oct-2020
အမျိုးသမီးတွေသာ အရေးအကြောင်းဖြစ်လွယ်တာလား
ဇီဝဗေဒဆိုင်ရာ လေ့လာချက်အရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် အရေပြားပိုတွန့်လွယ်တယ်လို့ သိရှိခဲ့ကြပါတယ်။ နယ်သာလန်နိုင်ငံရဲ့ သုတေသနပြုချက်တွေအရ -
(က) အမျိုးသမီးတွေရဲ့ ပါးစပ်ဘေးနားတွေမှာ ချွေးနဲ့ အဆီဂလင်းတွေ့ရှိမှုတွေဟာ အမျိုးသားတွေထက် ပိုမိုနည်းပါးတယ်။
(ခ) ဒီလိုပဲ ပါးစပ်ဘေးမှာ အမျိုးသားတွေလောက် သွေးကြောမျှင်တွေမရှိတာ။
(ဂ) ဒါ့အပြင် အမျိုးသမီးတွေရဲ့ နှုတ်ခမ်းတစ်ဝိုက်က ကြွက်သားမျှင်တွေဟာ အရေပြား အလယ်လွှာကို အတွင်းပိုင်းသို့ ဆွဲဆန့်စေပြီး အရေးအကြောင်းထင်တာ စတာတွေ တွေ့ရှိခဲ့ကြပါတယ်။
ဒီလိုအရေးအကြောင်းထင်တာ သက်သာစေမယ့် နည်းတွေကတော့
၁။ အားပါးတရ ရယ်မောတာမျိုးက မျက်နှာပြင်ရှိ အကြောနှင့် အသားစိုင်များကို ပြေလျော့တာ မြန်ဆန်တဲ့အတွက် ထိရောက်မှု နည်းပါးပါတယ်။
၂။ တစ်စုံတစ်ရာကို ကြိတ်ဝါးသည့်ပုံစံ မိနစ်အနည်းငယ်လောက် ပြုလုပ်ပေးခြင်းက နဖူး၊ မျက်လုံးနဲ့ ပါးစပ်အနားက ကြွက်သားတွေကို တင်းရင်းစေပါတယ်။
၃။ ပြီးတဲ့အခါ အဲဒါရဲ့ ဆန့်ကျင်ဘက်ဖြစ်အောင် ပါးစပ်ကို ကျယ်နိုင်သမျှ ကျယ်ကျယ်ဟပေးပြီး မျက်လုံးကိုလည်း တတ်နိုင်သလောက် ပြူးကျယ်ထားပေးပါ။
၄။ တစ်ဖန် ပါးစပ်ကို ပြန့်စေပြီး နှုတ်ခမ်းကိုစူကာ နှုတ်ခမ်းသားကို ဘယ်ညာပြောင်းရွှေ့ကာ ပြုလုပ်ပေးပါ။
၅။ ပြီးတဲ့အခါ သွားပေါ်အောင် ပြုံးပြီး မျက်လုံးကိုပါ ပြူးကျယ်ထားပါ။
၆။ နောက်တစ်နည်းကတော့ သွားပေါ်အောင် တစ်ဖန်ပြန်ပြီး ပြုံးပါ။ ဒီတစ်ခေါက်မှာတော့ အရင်ပြုံးတာနဲ့ မတူစေရန်အတွက် မေးစေ့ရှိကြွက်သားများကိုပါ ပင့်၍ ပြုံးပေးပါ။ ဒီလိုပြုလုပ်ပေးခြင်းက လည်ပင်းမှာရှိတဲ့ ကြွက်သားတွေကို တင်းရင်းစေပါလိမ့်မယ်။
Credit : အေးခေမာ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
