Print

သတိထားစရာ အရေပြားကင်ဆာလက္ခဏာ

  12-Oct-2020
Preview Image

          အရေပြားကင်ဆာက အသားအရောင်မရွေးဖြစ်တတ်ပါတယ်။ အရေပြားကင်ဆာတစ်မျိုးဖြစ်တဲ့ Melanoma လို့ခေါ်တဲ့ အရေပြားကင်ဆာဟာ သေစေနိုင်တဲ့ ကင်ဖာဖြစ်ပါတယ်။ ဒါပေမယ့် အရေပြားကင်ဆာမဖြစ်ရအောင် သူ့ရဲ့လက္ခဏာတွေကို သတိထားမိဖို့တော့ အရေးကြီးပါတယ်။ အရေပြားကင်ဆာလက္ခဏာတွေကို သတိထားမိပြီဆိုရင်တော့ ဆောင်ရန် ရှောင်ရန်လေးတွေကို ဂရုတစိုက်လုပ်၊ နားလည်တတ်ကျွမ်းတဲ့ အရေပြားအထူးကုဆရာဝန်တွေနဲ့ ပြသတိုင်ပင်မယ်ဆိုရင် အရေပြားကင်ဆာကို ကာကွယ်နိုင်ပါလိမ့်မယ်။

၁။ အရေပြားပေါ်က မှဲ့အရောင်ပြောင်းခြင်း၊ မှဲ့အရွယ်အစားကြီးလာခြင်း

၂။ မျက်နှာနဲ့ လည်ပင်းမှာ မကြာခဏ နီရဲရောင်ရမ်းခြင်း။

၃ အသားဝါဖြစ်ခြင်း (အရေပြားနှင့် မျက်လုံးအတွင်း အဝါရောင်ပြောင်းလာခြင်း)

၄။ အရေပြား နာကျင်ခြင်း၊ နာကျင်မှုအရွယ်အစား တဖြည်းဖြည်း ကျယ်ပြန့်လာခြင်း၊ အရေပြားမှာ အပိမ့်အပိမ့်ထခြင်း၊ မီးလောင်ဖုလို နီရဲအဖတ်လန်ကာ အရေပြားကွာခြင်း

၅။ နေရောင်ခြည်ဒဏ်ကို အထိမခံနိုင်ခြင်း

၆။ အသားပိုထွက်ခြင်း (အလုံးပြောင်ပြောင်ချောချောအသားပိုများ သို့မဟုတ် နီရဲရဲအသားပိုများ၊ နီညိုရောင် အသားပိုများ)

၇။ မှဲ့အသစ်များ များပြားစွာ ထွက်လာခြင်း

၈။ ထူပိန်းနီရဲကာ အပေါ်ယံက မီးခိုးရောင်ဖြစ်နေသော အရေပြားအကွက်များ ထလာခြင်း

          အဲ့ဒါတွေကို ကြည့်ပြီး အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ရှိမရှိကို အရေပြားအထူးကုဆရာဝန်များနှင့် ပြသတိုင်ပင် ကုသသင့်ပါတယ်။

Credit : Dylan



Related Articles


Advertisment 18