အသားအရေနှင့် နို့
16-Nov-2020
အသားအရေနှင့်
နို့
အလှအပအတွက်
နို့ကို သုံးစွဲနည်းများ
အလှအပအတွက် နို့ကို လွယ်လွယ်ကူကူအသုံးပြုလို့ရတဲ့
နည်းလမ်းတွေကတော့
(၁) နို့
Face Mask
လတ်ဆတ်တဲ့ နို့ခရင်မ် စားပွဲတင်ဇွန်းတစ်ဇွန်းကို
ပျားရည် စားပွဲတင်ဇွန်းနဲ့ နှစ်ဇွန်း၊ သံပရာရည် စားပွဲတင်ဇွန်းနဲ့ နှစ်ဇွန်းတို့နဲ့
ပေါင်းစပ်ပြီး Face Mask အဖြစ် အသုံးပြုမယ်ဆိုရင် အကောင်းဆုံး Face Mask တစ်ခုဖြစ်မှာပါ။
(၂) ပျော့ပျောင်းပြီး
ချောမွေ့တဲ့ အသားအရေရရှိစေဖို့
နို့အေးတစ်ခွက်ထဲကို ထောင်းပြီးသားဗာဒံစေ့
စားပွဲတင်ဇွန်းနဲ့ ရောနှောပြီး မျက်နှာ၊ လည်ပင်းနဲ့ လက်တွေကို လိမ်းပြီး မိနစ် ၂၀ လောက်
ထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးကြောလိုက်ပါ။ ဒါဆိုရင် အသားအရေ ချောမွေ့ပြီး
ပျော့ပျောင်းတဲ့ အသားအရေကို ရရှိစေမှာပါ။
(၃) အိပ်ခါနီး
နို့တစ်ခွက်သောက်သုံးခြင်း
ပုံမှန်အိပ်ခါနီး နို့တစ်ခွက်သောက်သုံးခြင်းဟာ
သင်ရဲ့ ကျန်းမာရေးနဲ့ အလှအပအတွက် အကျိုးရှိစေပါတယ်။ ပုံမှန်နို့တစ်ခွက်ကို သောက်သုံးခြင်းဟာ
ဆံပင်၊ ခြေသည်း၊ လက်သည်း၊ သွားနှင့် အသားအရေတွေကို ပိုမိုကောင်းမွန်စေပါတယ်။ နောက်ပြီး
အိပ်ခါနီး နို့တစ်ခွက်သောက်သုံးခြင်းအားဖြင့် ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိစေမှာပါ။
(၄) မျက်နှာလေး
ကြည်လင်စေဖို့
သင်ရဲ့မျက်နှာ ကြည်လင်ဝင်းပစေဖို့အတွက်ဆိုရင်
နို့တစ်ခွက်ထဲကို ပျားရည်နဲ့ လိမ္မော်ရည်စစ်စစ် စားပွဲတင်ဇွန်းနဲ့ တစ်ဇွန်းစီ ထည့်ပြီး
ပုံမှန်မျက်နှာသစ်ပေးမယ်ဆိုရင် သင်ရဲ့ မျက်နှာလေး ကြည်လင်ဝင်းပလာစေမှာပါ။
(၅) နို့နှင့်
ခန္ဓာကိုယ်
နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ကယ်လ်စီယမ်ဟာ
ခန္ဓာကိုယ်အလေးချိန်လျော့ပါးစေရုံသာမက အဆီဓာတ်လျော့ပါးအောင် ကူညီပေးနိုင်ပါတယ်။ အဆီနဲ့
အငန်ဓာတ်ပါဝင်မှုလျော့နည်းတဲ့နို့ကို တစ်နေ့မှာ သုံးကြိမ်သောက်သုံးပေးပြီး ဟင်းသီးဟင်းရွက်၊
အသီးအနှံတွေပါ တွဲဖက်စားသုံးပေးမယ်ဆိုရင် သွေးအတွင်းမှာရှိတဲ့ နောက်ပြီး ဒိန်ခဲကို
စားသုံးပေးခြင်းဟာ သင်ရဲ့ သွားတွေအတွက် အကျိုးဖြစ်စေပါတယ်။
နို့အမျိုးမျိုးနဲ့
အလှအပ
ယေဘုယျအားဖြင့် နွားနို့ကို ခန္ဓာကိုယ်အလှအပအတွက်
အသုံးပြုတတ်ကြပါတယ်။ တခြားသော နို့တွေမှာတော့ ဆိတ်နို့ဟာ အသားအရေချောမွေ့စေဖို့နဲ့
ထိန်းသိမ်းဖို့အတွက် အသုံးပြုတတ်ကြပါသေးတယ်။ နောက်တစ်ချက်အနေနဲ့ နွားနို့၊ ဆိတ်နို့နဲ့
ကုလားအုတ်နို့တွေဟာ လူရဲ့အရေပြား pH Level နဲ့ အနီးစပ်ဆုံး ကူညီပါတယ်။
သုတေသနပြုချက်နဲ့ လေ့လာချက်တွေအရ နို့နဲ့
ဓာတ်မတည့်တဲ့ အသားအရေတွေ ရှိတဲ့အတွက်ကြောင့် သင့်ရဲ့အသားအရေဟာ နို့နဲ့ ဓာတ်မတည့်ဘူးဆိုရင်
ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ကြောင်း အကြံပြုလိုက်ရပါတယ်။
Credit : ယွန်း
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
