. CHIKUNGUNYA (သို့) ခြင်ကျားကြောင့်ဖြစ်သော အဖျားရောဂါ
30-Oct-2016
Arbovious ကို သယ်ဆောင်ထားတဲ့ ခြင်ကျားအကိုက်ခံရလို့ဖြစ်တတ်ပြီးသွေးလွန်တုပ်ကွေးနဲ့ ဆင်တူတဲ့ အဖျားရောဂါမျိုး ခံစားရပါတယ်။
ရောဂါလက္ခဏာများ
ပြင်းပြင်းထန်ထန် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမျက်ရောင်ရမ်းခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်း၊ စတဲ့ နောက်ဆက်တွဲဝေဒနာတွေ ခံစားရပါတယ်။ အနည်းဆုံး သုံးရက်မှ ခုနှစ်ရက်အထိ အဖျားကြာ တတ်ပါတယ်
ဖြစ်ပွားတတ်သည့်နေရာများ
အာရှ၊ အာဖရိကနဲ့ ဥရောပမှာလည်း ရံဖန်ရံခါတွေ့ရပါတယ်။ ၁၉၅၀ အနှောင်းပိုင်းမှာ စတင်တွေ့ရှိရပြီး ကူးစက်နှုန်းအရမ်းမြန်ဆန်တဲ့ ရောဂါတစ်မျိုးပါ။
ကြိုတင်ကာကွယ်နိုင်ရန်
- ခြင်ကျားကြောင့် ကူးစက်ခံရတဲ့ရောဂါဖြစ်တဲ့အတွက် ခြင်မကိုက်အောင် သတိရှိပါ။
- ခရီးထွက်မယ့်နေရာတွေက ခြင်ပေါများတဲ့နေရာ ဟုတ်၊ မဟုတ် အရင်လေ့လာပါ။
- အင်္ကျ ီလက်ရှည်၊ ဘောင်းဘီရှည်များများ ဆောင်သွားပါ။ ခြင်ထောင်၊ခြင်နိုင်ဆေးရည်၊ ခြင်ဆေးခွေ စတာတွေလည်း မပါမဖြစ်သယ်သွားပါ။
Ref:
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Arogyan Magazine
No ,277.Augest 2015