လက်ဆေးခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနှုန်း ၄၅ ရာခိုင်နှုန်း...
29-Oct-2016
မိုးရာသီနှင့် ရေကြီးရေလျှံသော ကာလတွင် ကူးစက်ရောဂါ မဖြစ်ပွားစေရန် ဆပ်ပြာနှင့် လက်ဆေးခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနှုန်း ၄၅ ရာခိုင်နှုန်းနှင့် အဆုတ်ရောဂါ ဖြစ်ပွားနှုန်း၂၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာခင်မောင်လွင်ကပြောသည်။ ရေကြီးရေလျှံ ဖြစ်ပွားသော ဒေသများ၌ မသန့်ရှင်းသောရေကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် ဗိုက်နာခြင်း စသည့် ကူးစက်မြန်ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ပြီး အဆိုပါဒေသများ၌ ကူးစက်မြန်ရောဂါ မဖြစ်ပွားစေရေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်သည်။ ကူးစက်မြန်ရောဂါ ကာကွယ်ရန် ဆပ်ပြာနှင့် လက်ဆေးခြင်းသည် အထိရောက်ဆုံး နှင့် ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်သည့်အပြင် ကလေးငယ်များ အသက်ဆုံးရှုံးမှု အန္တရာယ်မှ ကာကွယ် နိုင်ကြောင်းသိရသည်။
''မိုးရာသီမှာ ရေကြီးရေလျှံ တာတွေ ဖြစ်တော့ မမြင်နိုင်တဲ့ ပိုးမွှားတွေ ပျံ့နှံ့နေတာကြောင့် ဝမ်းရောဂါတွေ အဖြစ်များတယ်။ ဒီလိုအချိန်တွေမှာ ပြည်သူတွေ အနေနဲ့ ကူးစက်ရောဂါကို ဖယ်ရှားပေးဖို့ လက်ကို သန့်ရှင်းအောင်၊ ခန္ဓာကိုယ်ကို သန့်ရှင်းအောင် လုပ်ဖို့က အရေးကြီး ပါတယ်'' ဟု ၄င်းက ဆက်လက်ပြောသည်။ ဆပ်ပြာ အသုံးပြု၍ လက်ဆေးခြင်းဖြင့် ကမ္ဘာပေါ်ရှိ အသက် ငါးနှစ်အောက် ကလေးငယ်များကို သေဆုံးစေနိုင်သော အဆုတ်ရောဂါ နှင့် ဝမ်းရောဂါ ဖြစ်ပွားမှုနှုန်းကို သိသိသာသာ လျော့နည်းလာပြီး နှစ်စဉ်ကလေးငယ်ခြောက်သိန်း၏ အသက်ကိုလည်း ကာကွယ်နိုင်မည် ဖြစ်သည်။
Ref; မြတ်လေးငုံ မြဝတီနေ့စဉ် ၊ စာ(၁၂) Tuesday, September 1, 2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
