အစာမစားခင် TB ဆေးသောက်ပါ
29-Oct-2016
ယခုတွေ့ရှိမှု အသစ်အရ TB ဆေးများမသောက်ခင် အစားအစာစားထားခြင်းသည် ဆေးအာနိသင်ကို လျော့စေကြောင်း တွေ့ရသည်။ ထိုလေ့လာမှုကို အင်ဒိုနီးရှားနိုင်ငံ University of Groningen တွင် PhD အတွက်ပြုလုပ်နေသော Dr. Antonia Moritam Iswari ကတွေ့ရှိခဲ့သည်။ ၎င်းသုတေသီသည် ပထမဦးဆုံး ကုသခံယူသော လူနာ၂၀ ဦးကို အစာမစားမီ နှင့် စားပြီးအချိန်များတွင် သွေးနမူနာများကို၂ ကြိမ်ယူပြီး Liquid Chromatography tandemmass spectromentry ဖြင့် ဓာတ်ခွဲလေ့လာခဲ့သည်။ အစာစားပြီး ဆေးသောက်သောအခါ သွေးတွင်းရှိ ဆေးအာနိသင် လျော့နည်းနေကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့်၎င်းသုတေသီသည်TB ဆေးများသောက်ပြီးမှ အစာစားသင့်ကြောင်း ပြောကြားခဲ့ပါ သည်။
Ref: မာဃ Health Updates Journal;No,(135) Source:MNT
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
