Print

ရောဂါပိုးများကြောင့် အသံအိုးယောင်ခြင်း

  24-Feb-2017
Preview Image

Virus ပိုးဝင်၍ တုပ်ကွေးရောဂါဖြစ်ခြင်း၊ ဘက်တီးရီးယား ဝင်ရောက်ခြင်းတို့ကြောင့် အသံအိုးယောင်ခြင်း၊ အသံအိုးယောင်ခြင်းဖြစ်ပါက အသံဝင်သွားတတ်သည်။ လည်ပင်းနာခြင်း၊ ဖျားခြင်းနှင့် တွဲ၍ဖြစ်တတ်သည်။ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းပူခြင်း၊ လည်ချောင်းခြောက်ခြင်းတို့ဖြစ်တတ်သည်။ ကလေးငယ်များတွင် အသံအိုးပြင်းထန်စွာ ယောင်ပါက အသက်ရှူလမ်းကြောင်းကျဉ်းကာ အသက်ရှူလျှင် အသံမြည်လာတတ်သည်။

 

Virus ရောဂါကြောင့် အသံအိုး၊ အသံကြိုးယောင်ခြင်းသည် ရက်ပိုင်းအတွင်း သိသာစွာ သက်သာပျောက်ကင်းတတ်သည်။ စကားမပြောပဲ အသံအနားပေးခြင်း၊ ရေနွေးငွေ့ရှူခြင်း၊ အရည်များများ မကြာမကြာ သောက်ပေးရမည်။ အဖျားကျဆေး၊ အကိုက်ပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးများ သောက်သုံးနိုင်သည်။ 

 

ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပါက ပဋိဇီဝ ဆေးများသောက်ရမည်။ တစ်ခါတစ်ရံ (၁) ပတ်၊ (၂) ပတ်အထိ အသံပုံမှန် ပြန်မဖြစ်သော်လည်း ဖြည်းဖြည်းချင်း ပုံမှန်အသံ ပြန်လည်ရရှိလာမည်ဖြစ်သည်။ 

 

အသံအိုး ပြင်းထန်စွာယောင်၍ အသက်ရှူကြပ်ခြင်း၊ အသက်ရှူလျှင် အသံမြည်ခြင်းများရှိပါက ဆေးရုံတက်ကုသရန် လိုအပ်ပါသည်။
အဆုတ် TB ရောဂါရှိ၍ သလိပ်တွင် TB ပိုးတွေ့လူနာများတွင် အသံအိုး TB ရောဂါဖြစ်ပွားတတ်သည်။ ထိုအခါ အသံဝင်ခြင်း၊ လည်ပင်းနာခြင်း၊ နားကိုက်ခြင်းများဖြစ်တတ်ပါသည်။ စနစ်တကျ ကုသမှုခံယူပါက ပုံမှန်အသံ ပြန်လည်ရရှိနိုင်သည်။ ကုသမှုနောက်ကျပါက တသက်လုံး အသံပျက်သွားနိုင်သည်။ 

 

Healthcare.com.mm

Ref:
ဒေါက်တာဝင်းထိုက်ကြည်
(နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်)
The Myanmar Healthcare Directory 2015 စာအုပ်မှ ကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18