Print

Q Fever

  24-Feb-2017
Preview Image

Q Fever ဆိုသည်မှာ ရောဂါကူးစက်ခံနေရသော တိရစ္ဆာန်များ (သိုး၊ ကျွဲ၊ နွား၊ ဆိတ်) မှတစ်ဆင့် လူ ့ခန္ဓာကိုယ်ထဲသို ့ ကူးစက်ဝင်ရောက်လာသော ဘက်တီးရီးယားရောဂါတစ်မျိုးဖြစ်သည်။

 

လက္ခဏာများ
Q fever ၏ အဓိက ရောဂါလက္ခဏာများမှာ 
- ကိုယ်ပူကြီးခြင်း၊
- ခေါင်းပြင်းထန်စွာ ကိုက်ခြင်း၊
- ကြွက်သားနှင် ့အဆစ်များ နာကျင်ကိုက်ခဲခြင်း၊
- ချွေးပျံခြင်း၊
- လည်ချောင်းနာခြင်း နှင့် 
- ကိုယ်အလေးချိန်ကျသွားခြင်း တို ့ဖြစ်သည်။
များသောအားဖြင့် ရောဂါပိုးရှိသူများတွင် တုပ်ကွေးလက္ခဏာများသာ ပြတတ်ပြီး ၂ ပတ်အတွင်း ပျောက်သွားလေ့ရှိသည်။ ၆လ ထက် ပိုကြာပါက Chronic Q fever (နာတာရှည် Q fever) ဟုခေါ်သည်။

 

သို ့သော် တစ်ချို ့လက္ခဏာများသည် လအတန်ကြာ ကြာတတ်ပြီး ခန္ဓာကိုယ်၏ တခြားနေရာဖြစ်သော နှလုံးကို ထိပါက အသက်အန္တရာယ် ထိခိုက်နိုင်သည်။ 

 

ဖြစ်ပွားရသော အကြောင်းရင်းများ
- ရောဂါပိုး ကူးစက်ခံရသော တိရစ္ဆာန်မှ ထွက်သော အမှုန်များ ရှူမိခြင်း
- ရောဂါပိုးရှိသော မြေဆီလွှာ၊ ဖုန်မှုန် ့နှင် ့ကောက်ရိုးများမှ ထွက်သော ဖုန်မှုန် ့များ ရှူရှိုက်မိခြင်း
- မျက်လုံး/ အရေပြား ပြတ်ရှရာမှ ပိုးဝင်နိုင်ခြင်း
- ရောဂါပိုး ကူးစက်ခံထားရသော တိရစ္ဆာန်၏ နို ့ကို သောက်မိခြင်း
- လိင်ဆက်ဆံရာမှ ကူးစက်ခြင်း 
- မိခင်မှ သန္ဓေသားသို ့ကူးစက်ခြင်း တို ့ဖြစ်သည်။

 

နောက်ဆက်တွဲ ပြဿနာများ
Q fever ၏ နောက်ဆက်တွဲ လက္ခဏာများမှာ 
- နှလုံးရောင်ခြင်း၊
- Pneumonia ခေါ် အဆုတ်ရောင်ရောဂါ ဖြစ်ခြင်း၊
- အသည်းရောင်ခြင်း၊
- ဦးနှောက် အမြှေးပါးရောင်ခြင်း နှင့် 
ကိုယ်ဝန်ဆောင်စဉ် Q fever ရပါက 
- လမစေ့/ ပေါင်မစေ့ မွေးဖွားခြင်း၊
- ကလေး ပျက်ကျခြင်းနှင့် အသေမွေး ခြင်းတို ့ ဖြစ်နိုင်သည်။

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
ထိုရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပြီး ရောဂါလက္ခဏာများ ကြာရှည်စွာ ဖြစ်နေခြင်း၊ ပိုဆိုးလာခြင်းနှင် ့ကိုယ်ဝန်ဆောင်စဉ် ဆိုပါက ဆေးရုံဆေးခန်းသို ့စောစီးစွာ သွားရောက်သင့်သည်။

 

စစ်ဆေးမှုများ
ရောဂါ အခြေအနေ၊ တိရစ္ဆာန်များနှင့် ထိတွေ့မှုရှိမရှိ မေးမြန်းခြင်း၊ စမ်းသပ်ခြင်း နှင် ့ သွေးစစ်ခြင်းများ ပြုလုပ်ခြင်းဖြင့် ရောဂါရှိမရှိ သိနိုင်သည်။

 

ကုသခြင်း
Q fever ဖြစ်လာပါက ဆေးကုသမှှု မခံယူဘဲ ပြန်ကောင်းနိုင်သော်လည်း အချို ့မှာမူ ပဋိဇီဝဆေးများ သောက်သည့်တိုင်အောင် မသက်သာဘဲ ရှိနေတတ်သည်။ နာတာရှည် Q fever ဖြစ်ပါက ကုသရန် ခက်ခဲပြီး အနည်းဆုံး ၁၈လအထိ ပိုးသတ်ဆေးများ သောက်ရန်လိုအပ်သည်။ နောက်ဆက်တွဲ ရောဂါဖြစ်သော နှလုံးရောင်ခြင်း ဖြစ်ပါက ဆေးရုံတက်၍ ကုသမှု ခံယူရန် လိုအပ်သည်။

 

ကာကွယ်ခြင်း
Q fever ကို ကာကွယ်ရန် အလို ့ငှာ တိရစ္ဆာန်များနှင့် ထိတွေ ့မှုရှိပါက
- လက်ကို သေချာ စင်ကြယ်အောင် ဆေးကြောရန်
- ဒဏ်ရာများ ရရှိပါက သန် ့ရှင်းအောင် လုပ်၍ ဖုံးအုပ်ထားရန်
- ရေစိုခံ လက်အိတ်များ၊ရေကာ/လေကာ မျက်မှန်များ တပ်ဆင်ရန်
- ပိုးမွှားများ ရှိနို်င်သော နေရာတွင် အစာစားခြင်းမှ ရှောင်ကြဉ်ရန်
- တိရစ္ဆာန် အညစ်အကြေးများကို စနစ်တကျ စွန် ့ပစ်ရန် လို်အပ်ပါသည်။

 

Healthcare.com.mm

PTA
Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18