Print

ဝမ်းကိုက်ပိုးကြောင့် ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းများ အတွက် သဘာဝ...

  27-Feb-2017
Preview Image

၁။ ဝမ်းပျက်ဝမ်းလျှောတဲ့အခါ ရေဓာတ် ပြန်ဖြည့်ပါ

အစားအသောက်ကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့အခါနဲ့ အထက် လှန်အောက်လျှော ဖြစ်တဲ့အခါတွေမှာ ကိုယ်ခန္ဓာ အတွင်းက ရေဓာတ်တွေ ကုန်ခမ်းတတ် ပါတယ်။ ဒီအခါမျိုးမှာ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်ပေး ဖို့အတွက် ဆားဓာတ်ပါရှိတဲ့ ပိုတက်ဆီယမ်၊ ဆိုဒီယမ်နဲ့ ဂလူးကို့စ်တို့ပါဝင်တဲ့ ဓာတ်ဆားရည်မျိုး ကို သောက်ပေးရပါမယ်။

 

၂။ ရေဓာတ် ခန်းခြောက်ခြင်းများ အတွက် ဓာတ်စာဖျော်ရည်

အားကစား ပြင်းထန်စွာ ကစားကြသူများပဲဲဲဲဲ ဖြစ်ဖြစ်၊ ဝမ်းပျက်ဝမ်းလျှောကြ သူများပဲဖြစ်ဖြစ် ဓာတ်စာအဖြစ် မိမိဘာသာ ဖျော်ပြီး သောက်ပေးနိုင်ပါတယ်။ ဖန်ခွက် တစ်ခွက်ထဲကို နှစ်သက်ရာ သစ်သီးဖျော်ရည် တစ်ဝက်၊ ရေတစ်ဝက် ထည့်ပါ။ ဒီ့ပြင် ပျားရည်၊ လက်ဖက်ရည် ဇွန်းတစ်ဝက်နှင့်အတူ ဆား တစ်စိတ်စာခန့် ထည့်ဖျော်ပါ။ တစ်နေ့ကို နှစ်ကြိမ်လောက်ပေးပြီး ရေဓာတ် ပြန်လည်ဖြည့်ပါ။

 

၃။ ပိုးမွှားများကို တိုက်ဖျက်ပါ

ဝမ်းကိုက်ပိုးကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း ဖြစ်ပြီးတဲ့နောက် နာလန်ပြန်ထူစမှာ အစာခြေ စနစ် ပြန်ကောင်းမွန်ဖို့အတွက် ဒိန်ချဉ်ကို စားပွဲတင် သုံးဇွန်းခန့် နေ့စဉ် စားပေးနိုင်ပါတယ်။

 

၄။ ဝမ်းဗိုက်နာခြင်းနှင့် ရောင်ရမ်းခြင်းများ အတွက် ပန်းသီးရဲ့အစွမ်း

ဝမ်းဗိုက်ပိုင်း နာကျင်တဲ့အခါ၊ ဖောရောင်ပြီး နာတဲ့ အခါတွေမှာ ပန်းသီးကို ချက်စားရင် ပျောက်ကင်း သက်သာစေတယ်လို့ ဆိုပါတယ်။ ပန်းသီးကို အမြွှာလိုက် စိတ်ပြီးတဲ့အခါ ပျားရည် ဒါမှမဟုတ် သကြား အနည်းငယ်နဲ့ အတူ ဆားသင့်ရုံထည့်ပြီး ချက်ထားပါ။ နာကျင်မှု ခံစားရတဲ့ အခါတွေမှာ မနက်ခင်းတိုင်း ချက်ထားတဲ့ ပန်းသီး တစ်ဝက်ခန့်ကို စားပေးနိုင်ပါတယ်။

 

၅။ မအီမသာဖြစ်ပြီး ပျို့ချင်အန်ချင်ခြင်းများ အတွက် ချင်းမြစ်

ကိုယ်လက် မအီမသာဖြစ်ပြီး ပျို့ချင်အန်ချင်သူများ အတွက် ဆေးစွမ်းကောင်း တစ်လက်ကတော့ လတ်ဆတ်တဲ့ ချင်းမြစ်ကို အခွံနွှာပြီး ချင်းကို ပါးပါးလှီး ကိုက်စားပါ။ အရည်ရွှမ်းပြီး ထွက်လာတဲ့အထိ ဝါးစားပါ။

 

၆။ ပေါင်မုန့် မီးကင် စားပါ

ဝမ်းဗိုက် နာကျင်ကိုက်ခဲတဲ့ အခါမျိုးတွေမှာ ပေါင်မုန့်ကို မီးကင်ပြီး စားမြိန်ရည် (Mustard) နဲ့ ပျံ့နှံ့အောင် သုတ်လိမ်းပြီး စားပေးပါ။ စားမြိန်ရည်ဟာ နာကျင်မှုတွေကို ငြိမ်သက်စေနိုင်သလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အငန်ဓာတ်ကိုပါ ပေးစွမ်းစေပါတယ်။

 

၇။ BRAT ဆိုတဲ့ အစားအစာ

ဝမ်းကိုက်ပိုးကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ပြန်လည် ကောင်းမွန်လာစေ ဖို့ နှစ်ရက်ခန့် BRAT ဆိုတဲ့ အစားအစာကို စားပေးသင့်ပါတယ်။ B ဆိုတဲ့ Banana၊ R ဆိုတဲ့ Rice၊ A ဆိုတဲ့ Apple (ချက်ထားတဲ့ ပန်းသီး ပိုကောင်းပါတယ်) နဲ့ T ဆိုတဲ့ (Toast) တို့ပဲ ဖြစ်ပါတယ်။ အစာခြေပေးတဲ့စနစ် ပိုကောင်းစေနိုင်ပြီး အားမစိုက်ရဘဲ ပုံမှန် အနေ အထား ပြန်ရောက်စေမှာပါ။ ငှက်ပျောသီး၊ ဆန်၊ ချက်ထားတဲ့ ပန်းသီးအပြင် ပေါင်မုန့် မီးကင် စားပေးခြင်းဖြင့် ပျောက်ကင်း သက်သာစေပါတယ်။

 

၈။ ရေဓာတ် ခန်းခြောက်ခြင်းများ အတွက် သံပရာရည်

ရေဓာတ် ခန်းခြောက်သလို ခံစားရတဲ့အခါ သံပရာသီး နှစ်လုံး အရည်ညှစ်ပြီး ဆား အနည်းငယ်နဲ့အတူ မုန့်ဖုတ်ဆော်ဒါ တစ်ဇွန်း ထည့်ဖျော်ပြီး ချက်ချင်း သောက်ပေးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နန်းအိမ့်ခမ်း
Wellness magazine, June 2015, Pg. 32-33

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18