Print

ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး သွေးထဲ၌တွေ့ခဲ့သော်

  27-Feb-2017
Preview Image

 

ယခင်က AIDS ရောဂါမှာ ကုရာနတ္တိဆေးမရှိ ဖြစ်ခဲ့သော်လည်း ဆေးပညာရှင်များ ၏ ကြိုးပမ်းမှုကြောင့် ယခုအခါတွင် AIDS ရောဂါကို ဟန့်တားထားနိုင်သော ဆေးဝါး များ ပေါ်ပေါက်ခဲ့ပြီဖြစ်ပါသည်။ ၎င်းဆေးဝါးများကို ဟန့်တားထားနိုင်သော ဆေးဝါး များ ပေါ်ပေါက်ခဲ့ပြီ ဖြစ်ပါသည်။ ၎င်းဆေးဝါးများကို ပုံမှန်မှီဝဲခြင်းခြင့် HIV (+) အဆင့်မှ AIDS အဆင့်သို့ မရောက်အောင် ထိရောက်စွာ တားဆီးနိုင်ပါသည်။ HIV (+) အဆင့်ဆိုသည်မှာ သွေးထဲတွင် HIV ပိုးရှိရုံမက ပြင်းထန်သော ရောဂါ လက္ခဏာများ ဥပမာ နာတာရှည် ဝမ်းပျက်ခြင်း၊ ချောင်းဆိုးခြင်းများ အစရှိသည်တို့ ခံစားနေရသောအဆင့်ကို ခေါ်ပါသည်။ HIV (+) ဖြစ်ပြီသူတစ်ယောက်အတွက် အဓိကလုပ်ဆောင်ရမည့် တာဝန်နှစ်ရပ်ရှိပါသည်။ ၎င်းတို့မှာ -

 

( ၁ ) မိမိရောဂါအား သူတစ်ပါးသို့ မကူးစက်စေရန်အတွက် ပြုမှုနေထိုင်ခြင်း ။
( ၂ ) ရောဂါတိုးတက်မှုကို ဟန့်တားထားရန် ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။

( ၁ ) မိမိရောဂါအား သူတစ်ပါးသို့ မကူးစက်စေရန်အတွက် -

(က) လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ။
(ခ) သွေးမလှူရပါ။
(ဂ) မျက်ကြည်လွှာနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ မလှူရပါ။
(ဃ) မုတ်ဆိတ်ရိတ်ဓား၊ သင်တုန်းဓားနှင့် သွားပွတ်တံများကို သူတစ်ပါးနဲ့ ခွဲဝေမသုံးစွဲသင့်ပါ။
(င) ထိခိုက်ဒဏ်ရာရခြင်း၊ သွေးထွက်သော အနာရှိခြင်း ဖြစ်ခဲ့ပါက မိမိ၏သွေးနှင့် အခြားသူမျာူ ထိတွေ့ခြင်း မဖြစ်စေရန် သတိထား၍ အနာကို လုံခြုံစွာ ဖုံးအုပ်ထားသင့် ပါသည်။

 

( ၂ ) ရောဂါတိုးတက်မှုကို ဟန့်တားထားရန်အတွက် အောက်ပါအချက်များကို လုပ်ဆောင်ရပါမည်။

ကိုယ်ခံအား ကျဆင်းစေမည့် အောက်ပါ အပြုအမူများကို ရှောင်ကြဉ်ရပါမည်။

- ဆေးလိပ်သောက်ခြင်း
- အရက်သောက်ခြင်း
- မူးယစ်ဆေးဝါးသုံးစွဲခြင်း
- အာဟာရချို့တဲ့ခြင်း
- စိတ်ဆိုးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဆင်းရဲခြင်း
- ခန္ဓာကိုယ်ပင်ပန်းစေသော အလုပ်များကို ပြုလုပ်ခြင်း
- အိပ်ရေးပျက်ခြင်း
- ကုသရာတွင် ကျွမ်းကျင်သူဆရာဝန်များနှင့်သာ ကုသပါ။

 

(က) AIDS ရောဂါရှင်များကို လိမ်လည်လှည့်စား၍ ကုသနေသော ပျောက်စေလူလိမ် ဆရာ များ ရှိနေပါသည်။ သို့ပါ၍ အပြောကောင်း၊ အဆွယ်ကောင်းရုံဖြင့် မယုံကြည်ပါနှင့် သေချာ စွာ စုံစမ်းပြီးမှ ကုသမှုခံယူရန် ဆုံးဖြတ်ပါ။

 

(ခ) ကုခံအားကျဆင်းမှု ကူးစက်ရောဂါ ပိုးမွှားများကို ထိရောက်စွာ တားဆီးနိုင်သည့် ARV ဆေးဝါးများကို ပုံမှန်မှီဝဲသင့်ပါသည်။ ARV ဆေးဝါးများကို ပုံမှန်မှီဝဲခြင်းဖြင့် ရောဂါ တိုးတက်မှုကို ထိရောက်စွာ တားဆီးနိုင်ပြီး သက်တမ်းကိုများစွာ ဆွဲဆန့်နိုင်သောကြောင့် တစ်ကမ္ဘာလုံးရှိ ဆေးပညာရှင်များက ၎င်း ARV ဆေးဝါးများကို ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကုသရာတွင်အားထား အသုံးပြုနေကြပါသည်။

 

(ဂ) ကူးစက်ရောဂါများ ထပ်မံမဝင်ရအောင် သတထား နေထိုင်သင့်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအောင်စန်း
Health for all magazine, No.102, July 2015, Pg. 119-120



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18