ဗိုက်မြန်မြန်ချပ်အောင် ဘာတွေသောက်သင့်လဲ
29-Oct-2016ကိုယ်အလေးချိန်လျှော့ချဖို့ ဆုံးဖြတ်ထားသူတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားရုံသာမက လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ သိထားကြပါတယ်။
အစာစားရုံ၊ လေ့ကျင့်ခန်းလုပ်ရုံသာမက အဆီတွေကို မြန်မြန်လောင်ကျွမ်းစေနိုင် တဲ့ သောက်စရာတွေ မှန်ကန်စွာ ရွေးချယ်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
ရေခဲရေ ---------
ရေခဲရေဟာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ် လုပ်ငန်းစဉ်များကို မြှင့်တင်ပေးနိုင် တာကြောင့် ကယ်လိုရီပမာဏ များနေတာတွေကို ဖယ်ရှားပေးပါတယ်။ နေ့တိုင်းရေခဲရေ အနည်းဆုံး ၁၆ အောင်စလောက်သောက်ရင် ထူးခြားတဲ့ ရလဒ်တွေ့ရမှာပါ။
အုန်းရည် -----------
အခြားသော ဖျော်ရည်တွေထက် လျှပ်လိုက်ရည် (အီလက် ထရိုလိုက်) များများ ပါဝင်တာကြောင့် ရေဓာတ်အမြဲပြည့်ဝနေစေပါတယ်။ အုန်းရည်ထဲကို သကြားနဲ့ အခြားအရသာတုတွေ မထည့်ဘဲ သောက်သင့်ပြီး ခန္ဓာကိုယ်တွင်း လုပ်ငန်းစဉ်တွေနဲ့ စွမ်းအင်ပြည့်ဝနေဖို့ ထောက်ကူပါတယ်။
အဆီထုတ်နွားနို့ -------------------
ခန္ဓာကိုယ်ထဲကအဆီတွေ မြန်မြန်ချေဖျက်ရာမှာ အကျိုးပြု တာကြောင့် အဆီ ထုတ်နွားနို့ ပုံမှန်သောက်ပြီး ဘာတွေထူးခြားလဲ စောင့်ကြည့်နိုင်ပါတယ်။
ဟင်းသီးဟင်းရွက်ဖျော်ရည် ------------------------------
ကျန်းမာရေးအတွက် ကောင်းကျိုးပြုရုံသာမကကယ် လိုရီပမာဏများနေတာတွေ ကိုလည်းလျှော့ချပေးနိုင်ပါတယ်။
အာဟာရဖျော်ရည် ---------------------
ဈေးကွက်ထဲမှာအသင့် ရောင်းချတဲ့ အာဟာရဖျော်ရည် တွေကတော့ ပုံမှန်အားဖြင့် ကျန်းမာရေးအတွက် အထောက်အကူ ပြုပေမယ့် ကိုယ်ရွေးချယ်သောက် တဲ့ဖျော်ရည်ကသင့်လျော်မှုရှိ၊ မရှိကိုတော့ ဆရာဝန်နဲ့ တိုင်ပင် သင့်ပါတယ်။
လက်ဖက်စိမ်း နှင် ့နို့မပါလက်ဖက်ရည် ------------------------------------------
အဆီဓာတ်ကို ၄၃ ရာခိုင်နှုန်း ဖယ်ရှားပေးတာကြောင့် ပိန်ပိန်ပါးပါးဖြစ်လိုသူတွေကတော့ ပုံမှန်သောက်သင့်ပါတယ်။
ဖရဲသီးဖျော်ရည် ------------------
ဗိုက်ချပ်ဖို့အတွက်ဆိုရင် သကြားမထည့်ဘဲသဘာဝအတိုင်း သောက်ဖို့တော့လိုပါတယ်။ ကယ်လိုရီကို လျော့ကျစေပြီး ရေဓာတ်ကို အမြဲပြည့်ဝ နေစေပါတယ်။
Ref: stethnews.com 7daydaily No.639 Friday, January 30, 2015