လက်သည်း ကျန်းမာရေးအတွက် အာဟာရ
29-Oct-2016
- လက်သည်းခြောက်ခြင်းအတွက် ပဲပင်ပေါက်၊ ပဲစေ့၊ ဟင်းနုနွယ်၊ အစိမ်းရောင်ဟင်းရွက်များစားခြင်း ဖြင့် folate ဓါတ်ရရှိပြီး လက်သည်း များ တောက်ပြောင်လာစေသည်။
- လက်သည်းကြွပ်ခြင်း၊ ကျိုးလွယ် ခြင်းအတွက် fatty acid ကြွယ်ဝသော လျှော်စေ့အဆီကို ဟင်းထဲထည့်ချက်ပါ။
- လက်သည်းပျော့ခြင်းအတွက် အသားဓါတ်များများ စားသုံးရန်လိုအပ်သည်။
- သံဓါတ်ချို့တဲ့သည့်အခါ၌လည်း လက်သည်းများ ကျိုးလွယ်တတ်သည်။ ကြက်ဥ၊ ဟင်းနု နွယ်နှင့် ဗိုက်တာမင်စီကြွယ်ဝသော အချဉ်သီးများ၊ ခရမ်းချဉ်သီးများက သံဓါတ် စုပ်ယူမှုကောင်းစေရန် ကူညီပေးသည်။
- သံလွင်ဆီအနည်းငယ်ကို ညအိပ်ခါနီး လက်သည်းပေါ်လိမ်းပေးခြင်းဖြင့် ခြောက်သွေ့သည့် လက်သည်းများ ပြန်လည်စိုပြည်လာစေသည်။
Ref: ဇော်ကို Health Updates Journal, Vol.2, No.23 Source: RD
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
