မျက်ကွင်းညိုခြင်း ကင်းဝေးစေဖို့
29-Oct-2016
မျက်ကွင်းညိုခြင်းသည် ရောဂါတစ်ခုမဟုတ်ပါ။ မျက်လုံးပတ်ပတ်လည်တွင် အာဟာရပြု ထောက်ပံ့နေသည့် ဆံချည်မျှင်သွေးကြောလေးများထဲတွင် ရှိသော ဟေမိုဂလိုဘင် များပျက်စီးဆုံးရှုံးခြင်းမှ ထွက်ပေါ်လာသော ရလဒ်တစ်ခု ဖြစ်ပါသည်။ မျက်ကွင်းညိုနေခြင်းသည် မိန်းကလေးများအဖို့ အလှတစ်ခု ပျက်ယွင်းဆုံးရှုံးနေသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် မျက်ကွင်းညိုခြင်းကို ဖြစ်စေတတ်သောအခြေအနေများနှင့် မျက်ကွင်းညိုခြင်းကို မည်သို့ကာကွယ်သင့်သည်ကို ဖော်ပြပေးလိုက်ပါသည်။ မျက်ကွင်းညိုခြင်းသည် အောက်ပါအကြောင်းအရင်းများကြောင့် ဖြစ်စေပါ သည်။
မျိုးရိုးလိုက်ခြင်း၊ အိုမင်းရင့်ရော် လာခြင်း၊ နေရောင်ခြည ်နှင့် မကြာခဏထိတွေ့ခြင်း၊ နေ့စဉ်ရက်ဆက်ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ ရေဓာတ် ခန်းခြောက်ခြင်း၊ ကွန်ပျူတာ၊ တီဗွီမှန်သားပြင်ရှေ့တွင် အချိန်ကြာမြင့်စွာ အာရုံစိုက် ကြည့်ရှုတတ်ခြင်း၊ နှင်းခူကဲ့သို့သောဓာတ်မတည့်သည့် ရောဂါများရှိနေခြင်း၊ ထိပ်ကပ်နာကဲ့သို့သော နှာခေါင်းနှင့် ပတ်သက်သည့် ရောဂါများရှိနေခြင်းတို့ကြောင့် ဖြစ်စေနိုင်သည်။ မျက်ကွင်းညို ခြင်းမဖြစ်အောင် ဘယ်လိုနည်းတွေ နှင့် ကာကွယ်ကြမလဲ။
မျက်ကွင်းညိုခြင်းကိုသက်သာစေရန်နည်းလမ်းများမှာ -------------------------------------------------------------
ရေများများသောက်ခြင်း၊ မျက်စိကိုလက်ဖြင့် ကြမ်းကြမ်းတမ်းတမ်း မပွတ်မိအောင် သတိပြု ခြင်း၊ သခွားသီး (သို့မဟုတ်) အာလူးတို့ကိုအခွံနွှာကာ အကွင်းလိုက် ပါးပါးလှီး၍ မှိတ်ထားသော မျက်လုံးပေါ်၌ တင်ပေးထားနိုင်ပါသည်။ သံလွင်ဆီ(သို့မဟုတ်) ဗီတာမင်အီး ကဲ့သို့သော ကရင်မ်များကိုလည်း မျက်လုံး၏ ပတ်လည်တွင် လိမ်းပေးနိုင်ပါသည်။ ထို့အပြင် အိပ်ရေးဝဝအိပ်ပေးရန်လည်း လိုအပ်သည်။ အိပ်ရေးပျက်ခြင်းကြောင့် မျက်တွင်းချိုင့်လာပြီး မျက်ကွင်းညိုသကဲ့သို ့ ဖြစ်ပေါ်စေတတ်သည်။ စိတ်ဖိစီးမှုကင်းဝေးအောင် ကိုယ့်ကိုယ်ကိုယ် သတိပြု နေထိုင်ရန်လိုပြီး ကွန်ပျူတာရှေ့နှင့် တီဗွီရှေ့တွင် တစ်ထိုင်တည်း အချိန်ကြာမြင့်စွာ ကြည့်ရှုအသုံးပြုခြင်းကို ရှောင်ကြဉ် ရပါမည်။ ဤသည်ကို သတိမထားပါက မျက်ကွင်းညိုခြင်းအတွက်သာမက ခန္ဓာကိုယ်၏ အဆစ်အမြစ်များနှင့် ဦးနှောက်အလုပ်လုပ်နိုင်စွမ်းများကိုပါ ထိခိုက်စေနိုင်ပါသည်။ မျက်လုံးကို မကြာခဏ အနားပေးပါ။ နေရောင်နှင့်ထိတွေ့ခြင်းကြောင့် အရေပြား၌ မယ်လနင် ( Melanin ) များ ပိုမိုထွက်ရှိနိုင်ပြီး မျက်ကွင်းညိုခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါသည်။ အရည်ရွှမ်းသောအသီးများ၊ လတ်ဆတ်သောအသီးများ နှင့် ဟင်းသီးဟင်းရွက်များ စားခြင်းကလည်း မျက်ကွင်းညို ခြင်းကို လျော့ကျသက်သာစေနိုင်ပါသည်။
Ref: အိအိမြတ် မြဝတီနေ့စဉ် Monday, October 27, 2014
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
