Print

နွားမှလူကို ကူးစက်တတ်သော တီဘီရောဂါ

  28-Jun-2019
Preview Image

          ၂၀၀၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၌ နွားတီဘီရောဂါမှ လူကို ကူးစက်သောရောဂါမှတ်တမ်း ၃၄ ဦးအနက် လူနာတစ်ဦးသည် ဆေးအများစုကို ယဉ်ပါးအောင် နွားတီဘီရောဂါပိုး ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ ကမ္ဘာအနှံ့ရှိနိုင်ငံများကို လေ့လာကြည့်သောအခါ နွားတီဘီရောဂါကို ထိန်းချုပ်ရန် ကြိုးပမ်းသော အစီအစဉ်သည် ထိရောက်မှုကောင်းစွာမရှိကြောင်း တွေ့ရသည်။ ထို့ကြောင့် နွားနို့မှတစ်ဆင့် ကူးစက်သော တီဘီရောဂါသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အခက်အခဲတစ်ရပ် ဖြစ်နေသည်။

 

လူတွင်ဖြစ်ပွားခြင်း

          ရောဂါလက္ခဏာများသည် အမျိုးမျိုးကွဲပြားခြားနားကြသည်။ ရောဂါပိုးဖြန့်ဝေပေးသည့် အရင်းအမြစ်၊ ရောဂါပိုးဝင်ရောက်သည့် နည်းလမ်းတို့သည် အစဉ်အမြဲ ပါဝင်ပတ်သက်မှု မရှိသော်လည်း ထိုအကြောင်းအချက်များပေါ် မူတည်ပြီး ရောဂါလက္ခဏာ ကွဲပြားကြခြင်းဖြစ်သည်။

 

အထွေထွေရောဂါလက္ခဏာများမှာ

·         ကိုယ်အလေးချိန်ကျခြင်း

·         မောပန်းလွယ်မှု သိသာခြင်း

·         အဖျားတက်ခြင်း

·         ရောဂါလက္ခဏာများ တဖြည်းဖြည်း ဆိုးဝါးလာခြင်းတို့ဖြစ်သည်.

အဆုတ်ရောဂါလက္ခဏာများလည်း ပိုဆိုထင်ရှားသည်။ ယင်းတို့မှာ -

·         ချောင်းဆိုးခြင်း

·         ချောင်းဆိုးလျှင် သွေးပါခြင်းဖြစ်သည်။

 

အရေပြားလက္ခဏာအနေနဲ့ ဖက်ခွက်နာများ ပြည်တည်နာများ ဖြစ်တတ်သည်။ နွားများတွင် တီဘီရောဂါပိုးများသည် အဓိကကိုယ်တွင်းအင်္ဂါများနှင့် အရိုးများမှာ စုပြုံပြီး ရှိနေတတ်သည်။ ထိုအင်္ဂါများနှင့် ဆက်နေသော ရောဂါလက္ခဏာများ ဖြစ်ပေါ်လာတတ်သည်။ ရောဂါပိုးများစွာတည်ရှိနေသော ကိုယ်တွင်းအင်္ဂါပေါ်လိုက်ပြီး ရောဂါပြင်းထန်မှု အနည်းအများ ကွာခြားသည်။ အမေရိကန်နိုင်ငံတွင် M Tuberculosis ခေါ် လူတွင်ဖြစ်ပွားသော တီဘီရောဂါပိုးကြောင့် တိဘီဖြစ်ပွားသော လူနာများထက် နွားမှာဖြစ်ပွားသော M Bovis ကူးစက်ခံရမှုကြောင့် ဖြစ်ပွားသော တီဘီရောဂါသည် များသည်။ အဆုတ်ရောဂါ လက္ခဏာမဟုတ်သည့် အခြားကိုယ်တွင်းအင်္ဂါ ရောဂါလက္ခဏာများကိုသာ ပိုမိုပြသတတ်သည်။


     နွားတီဘီရောဂါ ကူးစက်ခံရသော လူများသည် ရောဂါပိုးဝင်သည့် အချိန်မှစပြီး ကာလများစွာကြာသည့်တိုင်အောင် ရောဂါလက္ခဏာတစ်စုံတစ်ရာ မပြသဘဲ ရှိနေတတ်သည်။ ရောဂါတဖြည်းဖြည်း ရင့်သန်လာသောကြောင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို နှိုးဆွသော အချိန်သို့ ရောက်သောအခါမှ ရောဂါလက္ခဏာများ စတင်ပေါ်လာပေမည်။ လတ်တလောဖြစ်ပွားသော ရောဂါသည် အများစုသည် အသက်ကြီးသောလူကြီးများဖြစ်ကြသည်။ သူတို့သည် သူတို့အသက်ငယ်ရွယ်စဉ်အချိန်က ရောဂါပိုးဝင်ခဲ့ခြင်းဖြစ်ကြသည်။


     နွားရဲ့ တီဘီရောဂါပိုး ကူးစက်တယ်ဆိုပြီး ပေါ့ဆလို့မရဘူး။ အဲဒီလူနာက HIV ရောဂါပိုးကြောင့် AIDS ရောဂါဖြစ်နေတဲ့ လူနာဆိုရင် ကုသတဲ့အခါ ခက်ခဲတတ်တယ်။ နွားတီဘီရောဂါ ကူးစက်နိုင်တဲ့ အခွင့်အလမ်းရှိတဲ့သူတွေထဲမှာ တိရစ္ဆာန်ဆေးကုပညာရှင်တွေနဲ့ တိရစ္ဆာန်တွေကို ထိန်းကျောင်းရတဲ့ အလုပ်သမားတွေလည်းပါတယ်။ ရွေ့ပြောင်းလုပ်သားများ၊ အခြားနိုင်ငံမှလာရောက်ပြီး အခြေချနေထိုင်သူများတွင်လည်း ထိုရောဂါပိုးပါလာတတ်သည်။


     လူမဖြစ်တဲ့ တီဘီရောဂါပဲဖြစ်ဖြစ်၊ နွာက လူကိုကူးစက်တဲ့ တီဘီရောဂါပဲဖြစ်ဖြစ် ကုသပုံနဲ့ သောက်ရတဲ့ ဆေးဝါးတွေက အားလုံးအတူတူပဲ။ တီဘီရောဂါကုထုံးအတွက် သုံးစွဲရသော ဆေးဝါးများသည် ရောဂါနှစ်ခုလုံးကို သက်သာပျောက်ကင်းစေပါသည်။ အင်္ဂလန်နိုင်ငံနှင့် ဝေလနိုင်ငံတွင် ၂၀၀၆ ခုနှစ် M.Bovis ကြောင့် ဖြစ်ပွားသော တီဘီရောဂါများအနက် ခြောက်ခုသည် နီးကပ်စွာနေထိုင်သော လူများကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းသည် လူမှလူကို ကူးစက်ခြင်းဖြစ်ပြီး ယင်းတို့ထဲမှ လူတစ်ဦးသည် နွားတီဘီရောဂါပိုးကြောင့် ဖြစ်ပွားသော ဦးနှောက်အမြှေးရောင်ရောဂါကြောင့် သေဆုံးခဲ့သည်။


အမေရိကန်နိုင်ငံတွင် M.Bovis ရောဂါကူးစက်မှုများရှိခဲ့သည်။ နယူးယော့စီးတီးတွင် တွေ့ရှိခဲ့သော တီဘီရောဂါများအနက် တစ်ရာခိုင်နှုန်းသည် M.Bovis ကြောင့် ဖြစ်ရသည်။ ရောဂါကူးစက်မှုအများစုသည် ရောဂါပိုးပါဝင်သော ဒိန်ခဲများကို စားသုံးခြင်းကြောင့် ဖြစ်လာရသည်။ မက္ကဆီကိုနိုင်ငံမှလာသော နို့ထွက်ပစ္စည်းများ၏ ၂၀ ရာခိုင်နှုန်းနှင့် အသား၏ ၁၇ ရာခိုင်နှုန်းတွင် M.Bovis ရောဂါပိုးများ ပါဝင်သည်ဟု လေ့လာတွေ့ရှိကြပါသည်။


     လူတွင်ဖြစ်ပွားသော တီဘီရောဂါနှင့် နွားတွင်ဖြစ်ပွားသော တီဘီရောဂါကို ကုသသည့်ကုထုံးမှာ လုံးဝမတူညီပါသည်။ သတ်မှတ်ထားသော ဆေးလေးမျိုးကို တိုက်ကျွေးရခြင်းဖြစ်သည်။ Streptomycin ဆေးကို ၂၀၀၃ ခုနှစ်နောက်ပိုင်းမှ စတင်ပြီး မသုံးတော့ပါ။ ဤဆေးသည် ဆေးယဉ်တတ်သော တီဘီရောဂါပိုးများအဖြစ် ပြောင်းလဲစေတတ်သောကြောင့်ဖြစ်သည်။

 

ကာကွယ်တားဆီးခြင်း

     နွားမွေးမြူးသော ဒေသများတွင် နွားများကို ရောဂါကာကွယ်တားဆီးခြင်းသည် အရေးကြီးလှ၏။ အခြားတိရစ္ဆာန်များသည် ရောဂါကူးစက်ခြင်းခံရပြီး ရောဂါပိုးရှိသည်ဟု စမ်းသပ်တွေ့ရှိပါက ထိုတိရစ္ဆာန်အားလုံးကို ဖျက်စီးခြင်းဖြင့် ကာကွယ်ကြသည်။

     ရောဂါပိုးရှိသည်ဟု သံသယရှိသော တိရစ္ဆာန်များကို ကိုင်တွယ်ရာ၌ အထူးအရေးကြီးသောကြောင့် ကာကွယ်ရေးဝတ်စုံများအား ဝတ်သင့်သည်။ ဖြစ်နိုင်လျှင် ကာကွယ်ဆေးထိုးထားခြင်းသည် သင့်လျော်၏။ လူတွင် ထိုးသော BCG ကာကွယ်ဆေးသည် M.Bovis ပိုးကို အခြေခံပြီး ထုတ်ထားသည့်အတွက် လူတီဘီနှင့် နွားတီဘီရောဂါနှစ်ခုလုံးကို ကာကွယ်နိုင်သည်။

     ကာကွယ်ဆေး ထိုးပေးလာကြတဲ့အခါ ဗြိတိန်နိုင်ငံမှာ တီဘီရောဂါဖြစ်ပွားတဲ့ ကေ့စ်တွေ လျော့ကျလာခဲ့တယ်။ ၂၀၀၅ ခုနှစ်အထိ ကလေးတွေကို BCG ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်မှာ ကလေးတွေ အသက် ၁၃ နှစ်ရောက်တဲ့အချိန်ထိ ထိုးပေးခဲ့တယ်။

     ထို့နောက်တွင် တီဘီရောဂါများစွာ တွေ့ရှိရသော ဒေသများရှိ ကလေးငယ်များကိုသာ အဓိကဦးတည်ပြီး ကာကွယ်ဆေး ထိုးပေးတော့သည်။ မိဘ (သို့) အဘိုးအဘွားများက တီဘီရောဂါများစွာ ဖြစ်ပွားသောနိုင်ငံမှာနေထိုင်ခဲ့လျှင် ထိုသူတို့၏ သားသမီးများကို ကာကွယ်ဆေးထိုးပေးလေ့ရှိသည်။

     တီဘီရောဂါတွေ့ရသော နိုင်ငံမှ ဗြိတိန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းအခြေချသူများကို ကာကွယ်ဆေး မဖြစ်မနေထိုးရန် တိုက်တွန်းကြသည်။ ကျန်းမာရေးလုပ်သားများ အရေးပေါ်လုပ်ငန်းများမှ ဝန်ထမ်းများ၊ အကျဉ်းထောင်ဝန်ထမ်းများ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများသည် ကာကွယ်ဆေးပုံမှန်ထိုးပေးရန် လိုအပ်သည်။ သို့သော် HiV (ခုခံအားနည်း) ဝေဒနာရှင်များအား ကာကွယ်ဆေးမထိုးပေးသင့်ပါ။ ထိုလူနာများကို ကာကွယ်ဆေးထိုးပေးပါက ရောဂါဖြစ်ပွားစေတတ်သောကြောင့် ဖြစ်သည်။

 

Credit: ဒေါက်တာခင်စန်းမော်

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18