Print

ကိုယ်ဝန်ရှိချိန်မှာ COVID 19 ကူးစက်ခံရလျှင် ကလေးကို ထိခိုက်နိုင်ပါသလား...

  15-Aug-2021
Preview Image


          ကိုယ်ဝန်ရှိချိန်မှာ ဖျားနာရင် ကလေးငယ်ကို ထိခိုက်မှာ စိုးရိမ်ရတာ သဘာဝပါ။ HIV , ရေယုန်၊ ရေကြောက်၊ ဂျိုက်သိုး စသဖြင့်သော ရောဂါတွေဟာ ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ ကလေးကို ထိခိုက်နိုင်တဲ့ ရောဂါတွေဖြစ်ပါတယ်။ ယနေ့ ကမ္ဘာ့ ကပ်ရောဂါ အဖြစ် သတ်မှတ်ထားတဲ့ COVID 19 ဟာ ကိုယ်ဝန်ဆောင်မိခင်မှာ ဖြစ်ပွားရင် ကလေးကို ထိခိုက်နိုင်ပါသလား။

COVID 19 ၏ လက္ခဏာများ

          COVID 19 ဟာ အသက်ရှူ လမ်းကြောင်းကို တိုက်ခိုက်တဲ့ ပိုးဖြစ်ပါတယ်။ ကူးစက်ခံရပြီး ၂ ရက်မှ ၁၄ရက်အတွင်းမှာ လက္ခဏာပြတတ်ပြီး တွေ့ရလေ့ရှိတဲ လက္ခဏာတွေကတော့

·         ချောင်းဆိုးခြင်း

·         ဖျားခြင်း

·         အသက်ရှူကျပ်ခြင်း

·         နုံးနယ်ခြင်းတို့ဖြစ်ပါတယ်။

တခြားလက္ခဏာများအနေနဲ့

·         ချမ်းတုန်ခြင်း

·         လည်ချောင်းနာခြင်း

·         ခေါင်းကိုက်ခြင်း

·         အနံ့အရသာပျောက်ခြင်း

·         ကြွက်သားနာကျင်ကိုက်ခဲခြင်းများကို ကြုံတွေ့နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေက ရောဂါကူးစက်နိုင်ခြေပိုများသလား

          COVID-19 ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကို လေ့လာမှု မလုံလောက်သေးတာကြောင့် အတိအကျမပြောနိုင်ပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်တွင်းခုခံအားစနစ် ပြောင်းလဲသွားတာကြောင့် သာမန်လူတွေထက် အသက်ရှူ လမ်းကြောင်းပိုင်းဆိုင်ရာရောဂါတွေကို ပိုမိုခံစားရနိုင်ခြေများပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေမှာ COVID 19 ကူးစက်ခံရလျှင် အန္တရာယ်များသလား။

          စစ်ဆေးချက်တွေအရတော့ ကိုရိုနာ ဗိုင်းရပ်စ်မျိုးနွယ်ဝင် ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်တွေဟာ မကူးစက်ခံရသူတွေနဲ့ ယှဉ်ရင် ဆိုးကျိုးတွေ ပိုခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ခြင်း၊ စောမွေးခြင်း ၊ အသေမွေးခြင်း နဲ့ ရောဂါလက္ခဏာ ခံစားရခြင်းတွေကို တခြား ကိုရိုနာနွယ်ဝင်ပိုး ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း တွေ့ရပါတယ်။ ကိုယ်ဝန်ဆောင် ကာလ ပထမ သုံးလမှာ အဖျားကြီးတဲ့ မိခင်တွေမှာ ၄င်းတို့ရဲ့ ရင်သွေးမှာ မွေးရာပါ ရောဂါပါလာတာမျိုးကိုလည်း တွေ့ရပါတယ်။

          ဒါပေမယ့် WHO က ကိုယ်ဝန်ဆောင် ၁၄၇ ဦးကို လေ့လာခဲ့ရမှာတော့ အများစုက ရောဂါလက္ခဏာ မပြင်းထန်တာကိုတွေ့ရပါတယ်။ ၈% ကသာ ရောဂါလက္ခဏာပြင်းထန်ပြိး ၁% က အသက်အန္တရာယ် စိုးရိမ်ရပါတယ်။

မီးဖွားစဉ် ကူးစက်နိုင်သလား။

          ရောဂါပိုးရှိတဲ့ မိခင်တွေကို လေ့လာကြည့်ရသလောက်ကတော့ မိခင်ကနေ ရင်သွေးကို မီးဖွားစဉ် ရောဂါကူးစက်မှုကို မတွေ့ရသေးပါဘူး။ COVID 19 ဟာ လူတစ်ဦးကနေ တစ်ဦးကို အသက်ရှူလမ်းကြောင်းကထွက်တဲ့ အမှုန်အမွှားတွေကနေတဆင့်သာ ကူးစက်ပါတယ်။ ဒါကြောင့် ကလေးကို ကူးစက်ခဲ့မယ်ဆိုရင် မီးဖွားပြီးမှသာ ကူးစက်နိုင်ပါတယ်။

မိခင်နို့ရည်ကနေကူးနိုင်သလား။

          လေ့လာမှု ပြုခဲ့ သမျှကို ကြည့်မယ်ဆိုရင်တော့ မိခင်နို့ကနေကူးစက်မှုကို မတွေ့ရပါဘူး။ ထပ်ပြီးလေ့လာမှု ပြုဖို့လိုသေးပေမယ့်  မိခင်နို့က တဆင့် မကူးစက်နိုင်ဘူးလို့ ပြောလို့ရပါတယ်။ နို့တိုက်မိခင်များအနေဖြင့် ကလေးကို ကူးစက်မှုမှ ကာကွယ်ရန်-

 

နှာခေါင်းစည်း(Mask ) တပ်ပါ။

·         ကလေးကို မကိုင်တွယ်ခင် လက်ကို ဆပ်ပြာနှင့် သေချာဆေးကြောပါ။

·         နှို့ဗူးတွေ နို့ရည်ညှစ်စက်တွေ မကိုင်တွယ်ခင် လက်ကို သေချာဆေးကြောပါ။

·         ညှစ်ပြီးသားနို့ရည်ကို ကလေးကို တိုက်မယ်ဆိုရင် ကျန်းမာတဲ့ သူတစ်ယောက်ကို တိုက်ခိုင်းပါ။

ရောဂါပိုးမကူးစက်အောင် ဘယ်လိုနေမလဲ။

COVID 19 မကူးစက်အောင်

·         လက်ကို ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် နှစ်ဆယ်ခန့် ဆေးပါ။ဆပ်ပြာ မရနိုင်ပါက Alcohol ၆၀% ပါဝင်တဲ့ လက်သန့်ဆေးရည်နဲ့ ဆေးပါ။

·         အခြားသူများနဲ့ အနည်းဆုံး ၆ ပေ အကွာမှာနေပါ။

·         မျက်နှာ ၊ မျက်လုံး ၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို ထိတွေ့ ကိုင်တွယ်ခြင်းမှ ရှောင်ပါ။

·         လူထူထပ်တဲ့ နေရာများကို မသွားပါနဲ့။

·         အာဟာရပြည့်ဝအောင်စားပါ။ အနားယူပါ။ ကိုယ်ခံအားကောင်းခြင်းက ရောဂါ တော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။

Dr.Aung

 



Related Articles


Advertisment 18