Print

ကိုယ်အပြင်မှာ HIV ဘယ်လောက်ကြာရှင်သလဲ

  24-Feb-2017
Preview Image

HIV ဗိုင်းရပ်စ်ပိုးဟာ လူ့ကိုယ်ခန္ဓာထဲ ကနေထွက်လာရင် ရောက်နေတဲ့ ပတ်ဝန်းကျင်အခြေအနေအ ပေါ်မှာမူတည်ပြီး ရှင်သန်နိုင်တယ်။ တချို့နေရာတွေမှာရက် သတ္တပါတ်တွေအထိရှင်တယ်။ တချို့နေရာတွေမှာ ဒီလောက်ကြာကြာ မရှင်နိုင်ပါ။သူတို့ ရှင်သန်နိုင်စွမ်းဟာ ကိုယ်ကနေထွက်တဲ့ အရည်တွေအပေါ်မှာ မူတည်တယ်။ အရည်ထုထည် ဘယ်လောက်များသလဲ? အရည်ရဲ့အပူချိန်၊ အက်စစ်ဓါတ်၊ ရေငွေ့ဓါတ်နဲ့ နေရောင်််။ အခုထိကိုယ်ထဲကနေ ထွက်ပြီးသားသွေး၊ သုက်ရည်၊ တခြားအရည်တွေ ကနေတဆင့် HIV ကူးစက်ခဲ့တယ် ဆိုတဲ့လူနာမရှိသေးပါ။ အဲလိုအရည်နဲ ့သွေးတွေထဲမှာ မှန်ဘီလူးနဲ့စစ်ရင်တော့ HIV ပိုးတွေပါနေတာတွေ့နိုင်တယ်။ အရေအတွက်အရ ကူးစက်နိုင်အောင် မများလို့ဖြစ်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ဒါပေမယ့် သတိထားကိုင်တွယ်ဖို႔လမ်းညွှန်ချက်ကို တိတိကျကျထုတ်ထားပါတယ်။

 

HIV ပိုးဟာ အပူဒဏ်ကိုမခံနိုင်ပါ။ အေးလွန်းတာလည်းမခံနိုင်ပါ။ 60°C ကျော်ရင်သေကုန်တယ်။ အခန်းတွင်း အပူချိန်မှာရှိနေရင် ပိုးအရေအတွက် နည်းတော့မသွားပါ။ 4°C မှာထားရင် ခြောက်နေတဲ့သွေးထဲမှာ ၇ ရက်နေနိုင်တယ်။ ဓါတ်ခွဲခန်း စမ်းသပ်မှုတွေလုပ်ဖို့ HIV ပိုးပါတဲ့ေ သွးကိုသိမ်းထားချင်ရင် –70°C မှာထားရတယ်။ အပူချိန် 4°C မှာသိမ်းထားရင် ကြာကြာရှင်တယ်။ 27 to 37°C မှာထားရင် ၇ ရက်ထက် ပိုမရှင်ဘူး။

 

အခန်းတွင်းအပူချိန်မှာထားရင် ခြောက်နေတဲ့သွေးထဲမှာ ၅ ရက်ကနေ ၆ ရက် အထိရှင်မယ်။ pH level ကလည်း ထိန်းထာပြီးစမ်းသပ်ရမယ်။ ဒါကြောင့် ခြောက်နေတဲ့သွေးကနေမကူးပါ။ HIV ပိုးရှိလူနာပေါင်း ၈ဝဝ ကျော်ဆီကနေသွေးထုတ်ယူပြီး အခြေအနေ အမျိုးမျိုးမှားထားပြီး ပြန်စစ်ဆေးတော့ ဆေးထိုးအပ် ၁ဝ% မှာပိုးက ၁၁ ရက်အထိရှင်နေတာတွေ့ရတယ်။ သွေးထုထည်က ၄၇% အပ်တွေထဲမှာ 2µl နဲ့ ၅၃% မှာ 20µl ထက်နည်းတယ်။

 

ဆေးထိုးအပ်ထဲကသွေးထဲမှာဒီအတိုင်း ထားရင် ၄ ပါတ်အထိရှင်နေနိုင်တယ်။ မိလ္လာရေထဲမှာလည်းမရှင်နိုင်ပါ။ ဝမ်းနဲ့ ဆီးထဲကနေ HIV ပိုးရှာမရပါ။ စမ်းသပ်မှုတခုမှာတော့ အဲလိုအညစ်အကြေးထဲမှာ ရက်များများအထိ ရှင်နေနိုင်တယ်လို့ တွေ့ရပါတယ်။ ပင်လယ်ရေထဲမှာလည်း
တခြားဗိုင်းရပ်စ်ပိုးတွေထက် ပိုမရှင်နိုင်ပါ။

 

လူသေအလောင်းကနေ HIV ပိုးကို ၁၁ ရက်ကနေ ၁၆ ရက်အထိရှာလို့တွေ့ပါတယ်။ ရေခဲတိုက်အပူချိန်က 2°C ရှိတယ်။ လူသေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကိုအပူချိန် 20°C မှာထားရင် HIV ပိုးဟာ ၁၄ ရက်အထိရှင်နိုင်တယ်။ ၁၆ ရက် နောက်မှာတော့ သိသာတဲ့ အရေအတွက် အထိမရှိတော့ပါ။ အခုလိုစမ်းသပ်မှုတွေမှာလေ နဲ့ မိုး ကိုထည့်မစဉ်းစားခဲ့ပါ။

 

HIV ပိုးဟာ (အယ်လ်ကာလီ) နဲ့ အက်စစ်ဓါတ်ခေါ် pH level မတူရင် လည်းခံနိုင်မတူပါ။ pH 7 ထက်နည်းတာရော pH 8 ထက်များတာမှာပါ ကောင်းကောင်းမရှင်နိုင်ပါ။ ကျန်းမာနေတဲ့အမျိုးသမီးရဲ့ ဗဂျိုင်းနာထဲမှာ အက်စစ်ဓါတ်အခြေအနေရှိလို့ HIV ပိုးဟာ ကြာကြာမရှင်နိုင်တာဖြစ်တယ်။ ၂ဝဝ၃ ခုနှစ်က သြစတေးလျမှာလုပ်တဲ့ သုတေသနအရ HIV ဟာလူ့ကိုယ်ခန္ဓာအပြင်ဖက်မှာ ရက်သတ္တပါတ်တွေ အထိရှင်နေနိုင်တယ်။ အဲဒီလိုရှင်ဖို့ ဗိုင်းရပ်ပမာဏ၊ သွေးထုထည်၊ အရည်ထုထည်၊ အပူချိန်၊ စိုထိုင်းဆနဲ့ နေရောင်တွေ အပေါ်မှာမူတည်တယ်လို့ ကောက်ချက်ချတယ်။

 

Healthcare.com.mm

Ref :
ဒေါက်တာတင့်ဆွေ (၂၅-၄-၂ဝ၁၅)
ကိုယ်အပြင်မှာ HIV ဘယ်လောက်ကြာရှင်သလဲ
Health in Myanmar(HIM)
Author: HimBur
Myanmar, ဆောင်းပါး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18