Print

လောက်ကိုင်တွင် တီဘီဖြစ်ပွားနှုန်းမြင့်မားနေ

  24-Feb-2017
Preview Image

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်အတွင်း တီဘီရောဂါလူနာများအား နှစ်ကြိမ်ရှာဖွေရာ နှစ်ကြိမ်စလုံး၌ဖြစ်ပွားနှုန်းမြင့်မားနေကြောင်း ဆေးသုတေသနစာတမ်းအရ သိရသည်။

 

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ လူထုလှုပ်ရှားမှုအဖွဲ့ဖြင့်လောက်ကိုင်မြို့နယ်အတွင်းရှိ အသက် (၁၅) နှစ်အထက် လူများကို နှစ်လခြား၍ နှစ်ကြိမ်ဆက်တိုက် တီဘီလူနာများ ရှာဖွေခဲ့ခြင်းဖြစ်သည်။

 

ထိုကဲ့သို့ ရှာဖွေရာတွင် ပါဝင်သူများအား ရောဂါလက္ခဏာများမေးမြန်းကာ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းနှင့် သလိပ်နမူနာများ ရယူစစ်ဆေးခဲ့ရာ ပထမအကြိမ်၌ သလိပ်ပိုးတွေ့ တီဘီလူနာတွေ့ရှိနှုန်းမှာ လူဦးရေတစ်သိန်းလျှင် ၁,၀၆၆ ဦးနှင့် ဒုတိယအကြိမ်၌ လူဦးရေ တစ်သိန်းလျှင် ၁,၀၈၃ ဦးကို တွေ့ရှိရကြောင်း ယင်းစာတမ်း၌ ဖော်ပြထားသည်။

 

ထို့ပြင် တီဘီအမျိုးအစားအားလုံးအတွက် လူနာတွေ့ရှိနှုန်းမှာမူ ပထမအကြိမ်၌ ၄,၁၁၈ဦးနှုန်း နှင့် ဒုတိယအကြိမ်၌ လူဦးရေတစ်သိန်းလျှင် ၄,၂၂၂ ဦးနှုန်းတွေ့ရှိရကြောင်း သိရသည်။

 

ထို့ကြောင့် တီဘီလူနာတွေ့ ရှိနှုန်းသည် ပထမအကြိမ်ထက်သိသာထင်ရှားစွာ လျော့ကျခြင်းမရှိ ဘဲ ယင်းဒေသတွင် တီဘီတွေ့ရှိ နှုန်း နှစ်ကြိမ်စလုံးမြင့်မားနေသည်ကို တွေ့ရှိရကြောင်း ၎င်းတို့ပြုလုပ်ခဲ့သော သုတေသစာတမ်း၌ဖော်ပြပါရှိသည်။

 

မြန်မာနိုင်ငံတွင် ၂၀၁၃အထိ လူဦးရေတစ်သိန်းလျှင် တီဘီလူ နာ ၄၇၃ ဦးရှိကာ တစ်နှစ်လျှင် ရှာဖွေကုသနိုင်သော တီဘီလူနာပေါင်းမှာ တစ်သိန်းလေးသောင်းကျော်ရှိသည်။ လူနာသစ်ရှာဖွေတွေ့ရှိနှုန်းမှာ ၇၈ ရာခိုင်နှုန်းကျော်ရှိပြီး ကုသအောင်မြင်နှုန်းမှာမူ ၈၅ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

Ref:7daysdaily



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18