Print

အိပ်ချ်အိုင်ဗွီနှင့် နှလုံးရောဂါ

  24-Feb-2017
Preview Image

အိပ်ချ်အိုင်ဗွီရောဂါပိုးရှိနေတဲ့သူ အတော်တော်များများဟာ ကိုထရိုင်မောက်စာရိုး (CO-TRIMOXAZOLE) အုပ်စုဝင်ဆေးတွေကို အကြားကြီးမှီဝဲလေ့ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံတော့ ဆက်(ပ်) ထရင် (SEPTRIN) လို့ လူသိများတဲ့ဆေးပေါ့။ ဒီဆေးမှာ ဘေးထွက်ဆိုးကျိုး အတော်ကလေးများရှိပါတယ်။ 

 

သိသာတဲ့ ဘေးထွက်ဆိုးကျိုးတွေက ဒီဆေးမှီဝဲကာစမှာ ပေါ်လေ့ရှိပါတယ်။ အများစုကတော့ အဲဒီ ဘေးထွက်ဆိုးကျိုးတွေနဲ့ မကြုံတွေ့ရတတ်သလို အာကလံ ပါကလံ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သက်တောင့် သက်သာနှင့် ကျော်ဖြတ်နိုင်လေ့ရှိကြပါတယ်။ ဇီဒိုဗျူဒင်း (ZIDOVUDINE) ဆိုတဲ့ အိပ်ချ်အိုင်ဗွီ ပိုးသတ်ဆေးတွေဟာ အိပ်ချ်အိုင်ဗွီ ဆေးပညာသမိုင်းမှာ အထင်ကရ မှတ်တိုင်တစ်တိုင်လို့ ဆိုရပါလိမ့်မယ်။ 

 

အိပ်ချ်အိုင်ဗွီ ပိုးကိုနိုင်တယ်ဆိုတဲ့ ဆေးပေါင်း များစွာထဲက အိပ်ချ်အိုင်ဗွီပိုးတွေကို တကယ်တမ်း ထိထိရောက်ရောက် သတ်ဖြတ်နိုင်တဲ့ ပထမဦးဆုံး ဆေးဝါးမို့လို့ပါ။ ဒါပေမယ့် ဟိုး ချောင်ကြိုချောင်ကြားမှာ ပုန်းအောင်းနေတဲ့ အိပ်ချ်အိုင်ဗွီပိုးတွေကိုတော့ ကုန်စင်အောင် မသတ်ဖြတ်နိုင်ရှာပါဘူး။ သူ့နောက်ပိုင်း ပေါ်လာတဲ့အိပ်ချ်အိုင်ဗွီ ပိုးသတ်ဆေးတွေဟာလည်း သူ့ကို ကျော်တက်မသွားနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် သူဟာ လက်ရှိအသုံးပြုနေဆဲ အိပ်ချ်အိုင်ဗွီ ပိုးသတ်ဆေးတွေထဲမှာ သက်တမ်းအရင့်ဆုံး ပိုးသတ်ဆေးအနေနဲ့ ရပ်တည်နေနိုင်ဆဲပါပဲ။ သုံးစွဲတဲ့ကာလ လကြာလာတာနဲ့အမျှ သူ့ရဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်း ပိုပြီးတော့ နားလည်လာကြပါတယ်။ 

 

ဒီဆေးကြောင့် နှလုံးကြွက်သားရောဂါ (CARDIOMYOPATHY) ရလာတတ်ပါတယ်။ ရောဂါရခါစမှာ တော့ လူနာအနေနဲ့ ဘာမှခံစားရမှာ မဟုတ်ပါဘူး။ ဆရာဝန်တွေ အနေနဲ့ကတော့ များများကျွမ်းကျင်လေ၊ စောစောသိလေပါပဲ။ လူနာတွေအနေနဲ့ကတော့မောတဲ့အချိန်မှာစပြီး သတိထားမိတတ် ကြပါတယ်။ နှလုံးကြွက်သားရောဂါကြောင့် မောပန်း မှန်းမသိသလို သူတို့သုံးစွဲနေတဲ့ ဇီဒိုဗျူဒင်းဆေးကြောင့် မောမှန်းလည်း မသိကြပါဘူး။

 

အားမရှိလို့ မောတာထင်ပြီးတော့ ကြော်ငြာကောင်းတဲ့ ပေါက်ပန်းလေးဆယ် ဆေးဝါးတွေ သောက်သုံးပြီး ရောဂါရင့်သွားတဲ့သူတွေ ရှိသလို အဲဒီပေါက်ပန်းလေးဆယ် ဆေးတွေရဲ့ အဆမတန်ပိုပြီး ဆိုးရွားလှတဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ကံတော်ကုန်သွားတဲ့ သူတွေလည်းရှိပါတယ်။ ဒီဆေးဝါးတွေနဲ့ သူတို့သုံးစွဲနေကျ အဖိုးတန် အိပ်ချ်အိုင်ဗွီဆေးဝါးတွေ ဓာတ်ပြုကုန်ပြီးတော့ ဆေးပြီးသွားတဲ့ အိပ်ချ်အိုင်ဗွီတွေကို ဆက်လက် ဖြန့်ဖြူးနေကြတာတွေလည်း ရှိနေပါတယ်။ အိပ်ချ်အိုင်ဗွီရောဂါပိုး ရှိနေတဲ့ သူတွေကို အလစ်အငိုက် ဒုက္ခပေးတတ်တဲ့ နှလုံးရောဂါတွေကလည်း အစုံပါပဲ။

 

Healthcare.com.mm
Ref:
ဒေါက်တာအောင်ဆန်း
(အထွေထွေရောဂါအထူးကုသမားတော်ကြီး)
Health for all magazine, June 2013, Pg.130-131


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18