အသည်းရောင်အသားဝါ “ဘီ” ကာကွယ်ဆေးထိုးပြီး ကာကွယ်ပါ။
24-Feb-2017ဆေး၏ဂုဏ်သတ္တိများ
မည်သည့်ဆေးဥပါဒါအန္တရာယ်မှ မရှိပါ။ (Safe) အစွမ်းထက်သည်။ (Immunogenic) အခြားရောဂါပိုးများ မပါရှိပါ။ (Pyrogen free) အမေရိကန်ပြည်ထောင်စုသိပ္ပံပညာရှင်များမှ ထောက်ခံချက်ပေးထားသောဆေးဖြစ်သည်။ လူများတွင် အာနိသင်ရှိကြောင်း စမ်းသပ်ပြီး ဖြစ်ပါသည်။ ဤဆေးထိုးခြင်းဖြင့် အသည်းခြောက်ခြင်း၊ အသည်းကျွတ်ခြင်း၊ အသည်းရေဖျင်းစွဲခြင်းနှင့် အသည်းကင်ဆာဖြစ်ခြင်းတို့ကို ကာကွယ်စေပါသည်။
ကာကွယ်ဆေးထိုးသင့်သူများ
မွေးကင်းစကလေးမှစ၍ မည်သူမဆို ထိုးနိုင်သည်။
အသည်းရောင်အသားဝါ ကာကွယ်ပါ။
• ရေကိုကျိုသောက်ပါ။
• ယင်နားစာကို မစားပါနှင့်။
• အစာမစားမီ လက်ကိုစင်ကြယ်စွာဆေးပါ။
• တကိုယ်ရေ သန့်ရှင်းရေး ဂရုပြုပါ။
• မလိုအပ်ဘဲ ဆေးထိုးခြင်းကို ရှောင်ကြဉ်ပါ။
• မလိုအပ်ဘဲ သွေးသွင်းခြင်းကို ရှောင်ကြဉ်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
The Myanmar Healthcare Directory 2015 မှကောက်နှုတ်ထားပါသည်။