Print

နှာချေခြင်း၊ ချောင်းဆိုးခြင်းကို သင်၏လက်မောင်း၊ (သို့) တစ်သျူးများဖြင့...

  24-Feb-2017
Preview Image

သာမာန်အားဖြင့် နှာချေခြင်း၊ ချောင်းဆိုးခြင်းကို လက်ကိုင်ပုဝါတို့ မရှိပါက လက်ဝါးဖြင့် အလွယ်တကူအုပ်၍ ပြုလုပ်လေ့ရှိသည်။ ထိုသို့ပြုလုပ်ခြင်းက မှားယွင်း လှသည်။ အဘယ်ကြောင့်ဆိုသော် လက်အတွင်း ရောဂါပိုးများ ရောက်ရှိတွယ်ကပ် နေခြင်းကြောင့် သင်ထိတွေ့ကိုင်တွယ်သော အရာဝတ္ထုများနှင့် အခြားသူများသို့ အလွယ် တကူ ကူးစက်ပျံ့နှံ့စေနိုင်သည်။

 

ထိုကဲ့သို့ နှာချေခြင်း၊ ချောင်းဆိုးခြင်းကို အခြားအသုံး အဆောင်ပစ္စည်းများ မရှိ၍ လက်ဝါးဖြင့် အုပ်မည့်အစား သင်၏ လက်မောင်း၊ တံတောင် ဆစ်ကို အသုံးပြုပြီး အကာအကွယ်ပြု ခြင်းက ကျန်းမာရေးနှင့် ပိုညီညွတ်စေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်၏ တံတောင်ဆစ်ကို အသုံးပြု၍ လက်ဆွဲနှုတ်ဆက်ခြင်း၊ မျက်လုံးကို ပွတ်သပ်ခြင်းတို့ကို လုပ်လေ့လုပ်ထ မရှိခြင်းကြောင့်ဖြစ်ပေသည်။ 

 

အအေးမိခြင်း၊ အအေးပတ်ခြင်း၊ တုပ်ကွေးဖျားနာခြင်း၊ အပါအဝင် ဖြစ်လေ့ ရှိသော ရောဂါပိုး ကူးစက်ဝင်ရောက်ခြင်းသည် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပြီး ယင်းဗက်တီးရီးယားပိုးများအား သုတ်သင်ရန်အတွက် ပဋိဇီဝဆေး အမြောက်အမြားကို အသုံးပြုခဲ့သည် ဆိုပါက မိတ်ဆွေဖြစ်သော ဗက်တီးရီးယားပိုးများအား ပြန်လည် အစားထိုးနိုင်ရေးအတွက် probiotics ဖြည့်စွက်ခြင်းကို စဉ်းစားဆောင်ရွက်ရန် လိုပါလိမ့်မည်။

 

အအေးမိ၊ အအေးပတ်ခြင်း၊ တုပ်ကွေးဖျားနာခြင်းသည် လူတိုင်းဖြစ်ဖူးသော၊ မကြာခဏလည်း ဖြစ်လေ့ဖြစ်ထရှိသော စိုးရိမ်ရန်မလိုသည့် ရောဂါများဟု ယူဆ၍ပေါ့ပေါ့တန်တန် လျစ်လျူရှု ထားလေ့ရှိသည်။ သို့သော် ၎င်းတို့သည် ဆိုးဝါးပြင်းထန်သော ရောဂါများ၏ နိဒါန်း၊ တစ်နည်း ဝင်ပေါက်တစ်ခုဖြစ်သည်ကို လူအများ သတိမူခြင်း မရှိကြပေ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အောင်ဇင်
Health for all magazine, November 2013, Pg.89-90



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18