အသည်းရောင် “စီ” ရောဂါပိုးရှိသူတွေဟာ အရက်သောက်လို့ ရပါသလား။
27-Feb-2017
အသည်းရောင် “စီ” ပိုးရှိသူတွေမှာ အရက်သောက်မယ်ဆိုရင် အသည်းခြောက်ရောဂါ အဆင့်ကို မြန်မြန်ရောက်ရှိသွားနိုင်ပါတယ်။ အရက်ဟာ အသည်းပျက်စီးစေတဲ့ အရေးကြီးသော အဓိကအကြောင်းအချက််တစ်ခုအဖြစ် တွေ့ရှိထားပါတယ်။ အရက်များများသောက်လေ အသည်းမြန်မြန်ခြောက်လေ ဆိုတာမျိုးပါပဲ။
၂၀၁၂ ခုနှစ်မှာ ပြုလုပ်တဲ့ အမေရိကန် အမျိုးသားကျန်းမာရေး ညှိနှိုင်းဆွေးနွေးပွဲ မှာတော့ အမျိုးသားများမှာ တစ်နေ့ Alcohol 30 gram အမျိုးသမီးမှာ Alcohol 20 gram ထက်ပိုသောက်ရင် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ပါတယ်။
၂၀၀၇ ခုနှစ်မှာ ကျင်းပတဲ့ အမေရိကန်အသည်းရောဂါ ပါရဂူများ အစည်းအဝေး ကတော့ အသည်းရောင်အသားဝါ “စီ” ရောဂါရှိသူများမှာ အရက်နှင့်ပတ်သက်ပြီး အန္တရာယ်ကင်းသော ပမာဏကို မဖော်ပြထားတဲ့အပြင် (No safe level of alcohol in chronic hepatitis’C’) လို့ ပြဌာန်းထားပါတယ်။ ဒါကြောင့် “ စီ” ရောဂါပိုးရှိသူတွေဟာ အရက်၊ ဘီယာ စသည်ဖြင့် လုံးဝမသောက်သုံးဘဲ ဖြတ်သင့်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာဝင်းနိုင်
(အသည်းရောဂါအထူးကု ဆရာဝန်ကြီး)
Health for all magazine, February 2016, No.109, Pg.111