မှန်ကန်သောနည်းလမ်းများဖြင့် အိမ်မှာ နားသန့်ရှင်းရေးလုပ်ကြရအောင်
01-Nov-2018
ဆားကျက်ရေ
**********
၁။ အိမ်သုံးဆား ထမင်းဆားဇွန်း ၁ဇွန်းကို ရေကျက်အေးဖန်ခွက်တစ်ဝက်ဖြင့် ရောပါ။
၂။ ဆားကို ရေတွင် ပျော်ဝင်သွားသည့်အထိမွှေပါ။
၃။ သန့်စင်သော ဂွမ်းလုံးကို ဆားကျက်ရေထဲသို့နှစ်လိုက်ပါ။
၄။ ထို့နောက်ခေါင်းကိုစောင်း၍ နားထဲသို့ အစက်အနည်းငယ် ညှစ်ချပါ။
၅။ ခေါင်းကို စောင်းသည့် အနေအထားအတိုင်း ၅မိနစ်ခန့်ထားပါ။
၆။ ပြီးနောက် ခေါင်းကို ဆန့်ကျင်ဘက်သို့ စောင်းပြီး ဆားရေများကို နားထဲမှ ထွက်သွား
ပါစေ။
၇။ ထို့နောက်နားအပြင်ဘက်အပိုင်းကို သန့်စင်သောအဝတ်ဖြင့် သန့်ရှင်းရေးလုပ်ပေးပါ။
ရေကျက်အေး
**********
အထက်ဖော်ပြပါ နည်းလမ်းအတိုင်း ဆားကျက်ရေနေရာတွင် ရေကျက်အေး ( ကြက်သီးနွေးထရုံရေ ) ကိုလည်း အသုံးပြု ၍ ရပါသည်။
သံလွင်ဆီ
*******
၁။ သံလွင်ဆီ အနည်းငယ်ကို နားထဲသို့ အစက်ချပေးပါ။
၂။ ဂွမ်းလုံးဖြင့် နားကိုပိတ်ထားပေးပါ။
၃။ ခေါင်းစောင်းသည့်အနေအထားဖြင့် ၁ဝမိနစ်ခန့်ထားပါ။
၄။ ပြီးလျှင် ဆန့်ကျင်ဘက်သို့ ခေါင်းကိုပြန်စောင်းပြီး နားထဲရှိ အရည်များကို ထွက်သွားပါစေ။
၅။ ပြီးလျှင် အပြင်နားကို သန့်ရှင်းရေးလုပ်ပေးပါ။
အုန်းဆီ
*****
၁။ အုန်းဆီကိုအနည်းငယ် အပူပေးပါ။
၂။ အုန်းဆီကို အစက်ချ ကိရိယာထဲကိုထည့်၍ နားထဲသို့ အစက်ချပေးပါ။ ထည့်သည့်နားကို အပေါ်သို့ စောင်းထားပါ။
၃။ စောင်းသည့်အနေအထားဖြင့် ၅-၁၀ မိနစ်ခန့် ထားပါ။
၄။ ပြီးလျှင်ဆန့်ကျင်ဘက်သို့ ခေါင်းကို ပြန်စောင်းထားပေးပါ။
၅။ နားအပြင်ဘက်ကို သန့်စင်သော ဂွမ်းလုံးဖြင့် သန့်ရှင်းရေးလုပ်ပေးပါ။
မှတ်ရန်
******
- နားထဲသို့ ချွန်ထက်သောအရာများ၊ ကားသော့ ၊ နားဖာကလော်တံများဖြင့် နားအတွင်းသို့ ကလော်ခြင်း မပြုလုပ်သင့်ပါ။
- ထိုအရာများသည် နားကိုဒဏ်ဖြစ်စေပါသည်။
- အတွင်းသို့ မနှိုက်ဘဲ အပြင်ဘက်ကိုသာ သန့်စင်ပြီးပျော့ပျောင်းသော အဝတ် (သို့)
ဂွမ်းစဖြင့် သန့်ရှင်းရေးလုပ်ပေးပါ။
- နားကြပ်များဖြင့် အချိန်ပြည့်နားထောင်ခြင်းကိုရှောင်ကြဉ်ပါ။သီချင်းသံကို လျှော့၍
နားထောင်ပါ။
Dr Moon
Ref: top 10 Home remedies
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
