မိုးရာသီမှာ အအေးမိလက္ခဏာတွေ သက်သာစေဖို့ သဘာဝဆေးရည်ပြုလုပ်နည်း
31-Jul-2026
မိုးရာသီမှာ အအေးမိလက္ခဏာတွေ သက်သာစေဖို့ သဘာဝဆေးရည်ပြုလုပ်နည်း
+++++++++++++++++++++++++++++++++++++++++
မိုးရာသီမှာ အအေးမိ၊ နှာစေး၊ ချောင်းဆိုး သက်သာစေဖို့နဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးဖို အိမ်တွင်းဖြစ် သဘာဝဆေးရည် တစ်ခွက်ကို နေ့တိုင်း သောက်ပေးနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ -
ချင်း (ဂျင်း) အနည်းငယ် (အကွင်းလိုက်လှီးထားပါ)
စပါးလင် ၁ ပင် (ထုထောင်းထားပါ)
ပျားရည် ၁ ဇွန်း
သံပရာသီး / ရှောက်သီး ၁ စိတ်
ပြုလုပ်ပုံ - ချင်းနဲ့ စပါးလင်ကို ရေနွေးထဲမှာ ၅ မိနစ်ခန့် ပွက်ပွက်ဆူအောင် တည်ပါ။ ထိုနောက် ရေနွေးကြမ်းပန်းကန်ထဲ စစ်ထည့်ပြီး အအေးခံကာ ပျားရည်နှင့် သံပရာရည် ညှစ်ထည့်ပြီး သောက်သုံးနိုင်ပါတယ်။
မှတ်ချက် - ချင်းနဲ့ စပါးလင်မှာ Antioxidant နဲ့ Anti-inflammatory ဂုဏ်သတ္တိတွေ ပါဝင်လို့လည်ချောင်းနာတာနဲ့ နှာစေးတာကို ချက်ချင်း သက်သာစေပါတယ်။
Dr. Hazel
#seveneighteightseven
#7887healthcare
#DIY

