Print

COVID-19နှင့်ပတ်သက်ပြီးအမေးများသောမေးခွန်းများ

  01-Apr-2020
Preview Image

COVID-19နှင့်ပတ်သက်ပြီးအမေးများသောမေးခွန်းများ


Q - Coronavirus ဆိုတာဘာလဲ

A - Coronavirus တွေဟာ လူနဲ့တိရစ္ဆာန်တွေမှာ ဖျားနာခြင်းကို ဖြစ်စေတဲ့ အရွယ်အစားကြီးမားတဲ့ဗိုင်းရပ်စ်မျိုးနွယ်စုဝင်တွေဖြစ်ပါတယ်။ လူတွေမှာဆိုရင် ရိုးရိုးသာမန်အအေးမိခြင်းကနေ MERS (Middle East Respiratory Syndrome)နဲ့SARS (Severe Acute Respiratory Syndrome)တို့လို ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ဖြစ်စေတယ်လို့ သိထားကြပါတယ်။ မကြာသေးမီကရှာဖွေတွေ့ရှိထားတဲ့ coronavirusကတော့ coronavirus disease COVID-19 ကိုဖြစ်စေတဲ့ဗိုင်းရပ်စ်ပဲဖြစ်ပါတယ်။


Q - COVID-19 ဆိုတာ ဘယ်လိုရောဂါအမျိုးအစားလဲ

A - COVID-19ဆိုတာ မကြာသေးမီက ရှာဖွေတွေ့ရှိထားတဲ့ coronavirus ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။ ၂၀၁၉၊ဒီဇင်ဘာလ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်မီအချိန်အထိ ဒီဗိုင်းရပ်စ်ကနေဖြစ်တဲ့ရောဂါအကြောင်းကို မသိခဲ့ကြပါဘူး။


Q - ရောဂါလက္ခဏာတွေကဘာတွေလဲ 

A - အတွေ့ရများတဲ့လက္ခဏာတွေကတော့ ဖျားနာခြင်း၊မောပန်းနွမ်းနယ်ခြင်းနဲ့ ချောင်းခြောက်ဆိုးခြင်းတို့ပဲဖြစ်ပါတယ်။ တချို့လူနာတွေမှာကိုယ်လက်ကိုက်ခဲနာကျင်ခြင်း၊ နှာပိတ်ခြင်း၊နှာရည်ယိုခြင်း၊လည်ချောင်းနာခြင်း သို့မဟုတ် ဝမ်းပျက်ဝမ်းလျှောခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေဟာများသောအားဖြင့် မပြင်းထန်ဘဲ ဖြည်းဖြည်းချင်းပဲဖြစ်တတ်ပါတယ်။ တချို့လူတွေမှာ ရောဂါပိုးကူးစက်ခံရပေမယ့်လည်း ဘာလက္ခဏာမှမပြသလို နေမကောင်းလည်းမဖြစ်ကြပါဘူး။ အများစု (၈၀%)ဟာ ရောဂါသက်သာပျောက်ကင်းပြီး အထူးကုသမှုခံယူဖို့မလိုအပ်ကြပါဘူး။ COVID-19 ကူးစက်ခံရသူ လူ၆ယောက်မှာ ၁ယောက်က အပြင်းအထန်ဖျားနာပြီး အသက်ရှူရခက်ခဲခြင်းဖြစ်နိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေနဲ့သွေးတိုး၊နှလုံး သို့မဟုတ် ဆီးချိုရောဂါအခံရှိသူတွေဟာ ပြင်းထန်တဲ့ ဖျားနာခြင်းတွေဖြစ်တတ်ပါတယ်။ ဖျားနာချောင်းဆိုးခြင်း၊အသက်ရှူရခက်ခဲခြင်းတွေရှိတဲ့သူတွေဟာ  ကျန်းမာရေးစောင့်ရှောက်မှုချက်ချင်းခံယူဖို့လိုအပ်ပါတယ်။


Q - COVID-19 က ဘယ်လိုကူးစက်ပါသလဲ

A - COVID-19 ရောဂါဗိုင်းရပ်စ်ပိုးရှိတဲ့သူတွေဆီကနေ COVID-19ရောဂါကူးစက်ပါတယ်။ ဒီရောဂါဟာ COVID-19 ရောဂါရှိတဲ့သူကချောင်းဆိုးတဲ့အခါ ဒါမှမဟုတ်အသက်ရှူတဲ့အခါ သူ့ရဲ့နှာခေါင်း သို့မဟုတ် ပါးစပ်ကထွက်တဲ့ အမှုန်အမွှားလေးတွေကတဆင့် လူလူချင်းကူးစက်ပါတယ်။ ဒီအမှုန်အမွှားတွေဟာ သူ့ရဲ့ပတ်လည်မှာရှိတဲ့ အရာဝတ္ထုတွေ သို့မဟုတ် မျက်နှာပြင်တွေပေါ်ကို ကျရောက်ပါတယ်။ တခြားလူတွေက ဒီအရာဝတ္ထုတွေ သို့မဟုတ် မျက်နှာပြင်တွေကို ထိကိုင်ပြီး သူတို့ရဲ့ မျက်စိတွေ၊နှာခေါင်းတွေ ဒါမှမဟုတ် ပါးစပ်တွေကို ထိကိုင်တဲ့အခါ COVID-19 ကူးစက်နိုင်ပါတယ်။ လူတွေဟာ COVID-19ရောဂါရှိသူက ချောင်းဆိုးခြင်း ဒါမှမဟုတ် အသက်ရှူထုတ်ခြင်းကနေထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိရာမှလည်း ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့်မို့နေမကောင်းဖြစ်နေတဲ့သူနဲ့၁မီတာ (၃ပေ)ထက်ပိုတဲ့အကွာအဝေးကနေ နေဖို့အရေးကြီးပါတယ်။


Q -COVID-19က လေထဲကနေကူးစက်နိုင်ပါသလား

A - COVID-19ရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်ဟာ အဓိကအားဖြင့် ရောဂါပိုးကူးစက်ခံရတဲ့သူက ချောင်းဆိုး၊နှာချေ၊စကားပြောတဲ့အခါ ထွက်လာတဲ့အမှုန်အမွှားတွေကနေတဆင့် ကူးစက်ပါတယ်။ ဒီအမှုန်အမွှားတွေဟာ လေထဲမှာရှိနေဖို့ လေးလံလွန်းတဲ့အတွက်ကြောင့် ကြမ်းပြင်တွေပေါ် သို့မဟုတ် မျက်နှာပြင်တွေပေါ်ကို မြန်မြန်ဆန်ဆန်ပဲ ကျရောက်ပါတယ်။

သင်ဟာ COVID-19ရောဂါရှိတဲ့သူနဲ့၁မီတာအကွာအဝေးအတွင်းမှာရှိရင် ဗိုင်းရပ်စ်ပိုးကို ရှူမိရာမှတဆင့် ကူးစက်နိုင်ပါတယ်။ သို့မဟုတ် ဗိုင်းရပ်စ်ပိုးကပ်နေတဲ့ မျက်နှာပြင်တွေကို ထိကိုင်ပြီး လက်မဆေးဘဲ မျက်စိ၊ နှာခေါင်း သို့မဟုတ် ပါးစပ်တို့ကို ကိုင်မိရာမှတဆင့် ကူးစက်နိုင်ပါတယ်။


Q - ရောဂါလက္ခဏာမပြတဲ့သူဆီကနေ COVID-19ကူးစက်ခံရနိုင်သလား

A - COVID-19အဓိကကူးစက်တဲ့နည်းလမ်းက ချောင်းဆိုးနေတဲ့သူတစုံတယောက်ရဲ့ အသက်ရှူလမ်းကြောင်းကနေထွက်လာတဲ့ အမှုန်အမွှားတွေက တဆင့်ဖြစ်ပါတယ်။ ရောဂါလက္ခဏာမပြတဲ့သူ တစုံတယောက်ဆီကနေ COVID-19ကူးစက်နိုင်ချေအလွန်နည်းပါးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် COVID-19ရောဂါရှိသူအများစုဟာ မပြင်းထန်တဲ့ရောဂါလက္ခဏာတွေပဲ ခံစားရပါတယ်။ ဒါဟာ ရောဂါရဲ့အစောပိုင်းအဆင့်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဥပမာအားဖြင့် ချောင်းအနည်းငယ်သာ ဆိုးပြီး မဖျားမနာတဲ့သူတစုံတယောက်ဆီကနေ COVID-19ရောဂါကူးစက်ခံရနိုင်ချေရှိပါတယ်။ 


Q - COVID-19ရောဂါရှိသူ တစုံတယောက်ရဲ့ဝမ်းကနေတဆင့် ရောဂါကူးစက်ခံရနိုင်သလား

A - COVID-19ရောဂါကူးစက်ခံရသူရဲ့ဝမ်းကနေတဆင့် ရောဂါကူူးစက်ခံရနိုင်ချေနည်းပါတယ်။ ပဏာမ စစ်ဆေးချက်တွေအရ ဗိုင်းရပ်စ်ပိုးဟာ အချို့လူနာတွေရဲ ဝမ်းမစင်မှာရှိတယ်လို့ယူဆကြပေမယ့်လည်း ဒီနည်းလမ်းဟာ ရောဂါကူူးစက်ပြန့်ပွားခြင်းရဲ့အဓိကနည်းလမ်းမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာလည်း ရောဂါပိုးကူးစက်နိုင်ချေရှိတာကြောင့် သန့်စင်ခန်း အသုံးပြုပြီးချိန်နဲ့အစာမစားမီမှာ လက်ကို ပုံမှန်စင်ကြယ်အောင်ဆေးကြောရပါမယ်။


Q - ရောဂါမကူးစက်မပြန့်ပွားအောင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲ

A - လူတိုင်းအတွက် ကာကွယ်ရန်နည်းလမ်းများ

WHO နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော COVID-19 ရောဂါကူးစက်ပြန့်ပွားမှုနောက်ဆုံးရသတင်းများကို အမြဲသတိပြုပါ။ ရိုးရှင်းလွယ်ကူသော အောက်ပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် ရောဂါပိုးကူးစက်ခံရဖို့အခွင့်အလမ်းကို လျှော့ချနိုင်ပါတယ်။


လက်ကိုဆပ်ပြာနဲ့ရေ သို့မဟုတ် အယ်လ်ကိုဟော၆၀ရာခိုင်နှုန်းနဲ့အထက်ပါသော လက်သန့်ဆေးရည်ဖြင့် စနစ်တကျစင်ကြယ်အောင်ဆေးကြောပါ။ လက်ကို ဆပ်ပြာနဲ့ရေ သို့မဟုတ် အယ်လ်ကိုဟောပါသော လက်သန့်ဆေးရည်နဲ့ဆေးကြောခြင်းဟာ လက်ပေါ်မှာရှိတဲ့ ဗိုင်းရပ်စ်တွေကို သေစေနိုင်ပါတယ်။ 


ချောင်းဆိုး၊နှာချေနေတဲ့သူနဲ့ အနည်းဆုံး ၁မီတာ (၃ပေ)အကွာအဝေးမှာနေပါ။ တစုံတယောက်ဟာချောင်းဆိုးနှာချေတဲ့အခါ သူတို့နှာခေါင်း၊ပါးစပ်ကနေ ဗိုင်းရပ်စ်ပါတဲ့အမှုန်အမွှားတွေ ထွက်လာပါတယ်။ ချောင်းဆိုးတဲ့သူမှာ COVID-19 ရောဂါရှိနေခဲ့မယ်ဆိုရင် သူနဲ့နီးနီးကပ်ကပ်နေမိပါက အဲဒီဗိုင်းရပ်စ်ပါတဲ့ အမှုန်အမွားတွေရှူမိနိုင်ပါတယ်။ 


မျက်စိ၊နှာခေါင်းနဲ့ပါးစပ်ကို လက်နဲ့မထိပါနဲ့။ လက်တွေဟာ မျက်နှာပြင်ပေါင်းများစွာနဲ့ထိတွေ့ပြီး ဗိုင်းရပ်စ်ပိုးတွေ သယ်လာပါတယ်။ အဲဒီဗိုင်းရပ်စ်ပိုးပါတဲ့လက်ကနေ မျက်စိ၊နှာခေါင်းနဲ့ပါးစပ် ထိုမှတဆင့် ကိုယ်ခန္ဓာထဲကို ဗိုင်းရပ်စ်ပိုးဝင်ရောက်ပြီး နေမကောင်းဖြစ်စေပါတယ်။


မိမိနှင့် ပတ်ဝန်းကျင်ရှိလူများ ချောင်းဆိုးနှာချေသည့်အခါ တံတောင်ကွေးပြီး ပါးစပ်နှင့်နှာခေါင်းကို လုံအောင်ဖုံးအုပ်ပါ။ သို့မဟုတ် တစ်ရှူးဖြင့် နှာခေါင်းနှင့်ပါးစပ်ကိုလုံအောင်ဖုံးအုပ်ပါ။ ပြီးလျှင် အသုံးပြုပြီးသားတစ်ရှူးကို ချက်ချင်းစွန့်ပစ်ပါ။ ဗိုင်းရပ်စ်သည် အမှုန်အမွားများမှတဆင့်ကူးစက်လို့ ဖြစ်ပါတယ်။ 


နေမကောင်းပါက အိမ်တွင်နေပါ။ အဖျားရှိခြင်း၊ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်းများရှိပါက ကျန်းမာရေးစောင့်ရှောက်မှုခံယူပါ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာပါ။ လိုအပ်ပါက သက်ဆိုင်ရာကျန်းမာရေးဌာနသို့အကြောင်းကြားခြင်းဖြင့် သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှုကိုရယူသင့်ပါတယ်။


အသက်ကြီးတဲ့သူ သို့မဟုတ် ဆီးချို၊နှလုံး သို့မဟုတ် အဆုတ်ရောဂါရှိတဲ့သူတွေဟာ ခရီးသွားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ သူတို့တွေဟာ COVID-19ကူးစက်ခံရနိုင်ချေပိုများလို့ပါ။


Q - COVID-19ကူးစက်ပြန့်ပွားရာဒေသများသို့လွန်ခဲ့သော၁၄ရက်အတွင်း ခရီးသွားရာဇဝင်ရှိသူများအတွက်

MOHS guidance for those who were back from Thailand



Q - ဘယ်လိုလူမျိုးတွေမှာ ရောဂါအခြေအနေဆိုးရွားတတ်သလဲ

A - အသက်ကြီးသူတွေနဲ့နဂိုရောဂါအခံရှိသူတွေ (ဥပမာ သွေးတိုး၊နှလုံး၊အဆုတ်၊ကင်ဆာနဲ့ဆီးချိုရောဂါရှင်တွေ) ဟာ အခြားသူတွေထက် ရောဂါအခြေအနေ ပိုမိုဆိုးရွားနိုင်ပါတယ်။


Q - ပိုးသတ်ဆေး(antibiotics)တွေဟာ COVID-19ကို ကာကွယ်ရာမှာ သို့မဟုတ် ကုသရာမှာ ထိရောက်မှုရှိသလား

A - မရှိပါဘူး။ ပိုးသတ်ဆေး(Antibiotics)တွေဟာ ဗိုင်းရပ်စ်တွေအပေါ်မှာ အကျိုးသက်ရောက်မှုမရှိပါဘူး။ ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းတွေမှာပဲ အကျိုုးသက်ရောက်မှုရှိပါတယ်။ COVID-19ဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ antibiotics တွေအလုပ်မလုပ်ပါဘူး။ ပိုးသတ်ဆေးတွေကို COVID-19ကာကွယ်ဖို့ သို့မဟုတ် ကုသဖို့အတွက် မသုံးသင့်ပါဘူး။ ဘက်တီးရီးယားပိုးဝင်ခြင်းကို ကုသဖို့အတွက် သာ သမားတော်ညွှန်ကြားချက်အတိုင်း အသုံးပြုသင့်ပါတယ်။ 


Q - COVID-19ကို ကာကွယ်နိုင်တဲ့ သို့မဟုတ် ကုသနိုင်တဲ့ ဆေးဝါး သို့မဟုတ် ကုထုံးတွေရှိသလား။

A - အနောက်နိုင်ငံတချို့မှာ တိုင်းရင်းဆေး သို့မဟုတ် အိမ်တွင်းကုထုံးများဖြင့် COVID-19 ရဲ့ရောဂါလက္ခဏာတွေကို သက်သာစေပေမယ့်လည်း လက်ရှိဆေးတွေနဲ့ရောဂါကို ကာကွယ်နိုင်ကြောင်း၊ ကုသနိုင်ကြောင်း အထောက်အထားမရှိပါဘူး။ WHOက COVID-19ကာကွယ်ရန် သို့မဟုတ် ကုသရန်အတွက် ပိုးသတ်ဆေးအပါအဝင် မိမိသဘောနဲ့မိမိဆေးသောက်ဖို့ ညွှန်ကြားထားခြင်းမရှိပါဘူး။


Q - COVID-19အတွက် ကာကွယ်ဆေး၊သောက်ဆေး ဒါမှမဟုတ် ကုသနည်းတွေရှိလား။

A - မရှိသေးပါဘူး။ COVID-19 ကိုကာကွယ်နိုင်တဲ့ ကုသနိုင်တဲ့ဆေးတွေမပေါ်သေးပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာရှိတဲ့သူတွေ သက်သာဖို့ဆေးတွေပေးသင့်ပါတယ်။ အပြင်းအထန်ဖျားနာတဲ့သူတွေကို ဆေးရုံတင်သင့်ပါတယ်။ ကာကွယ်ဆေးတွေနဲ့ တချို့သောဆေးကုသမှု တွေ ကစမ်းသပ်ဆဲအနေအထားဖြစ်ပါတယ်။ 


မိမိကိုယ်တိုင်နဲ့အခြားသူများကို COVID-19မှကာကွယ်ရန် ထိရောက်မှုအရှိဆုံးနည်းလမ်းတွေကတော့ လက်ကို မကြာခဏစင်ကြယ်အောင်ဆေးကြောခြင်း၊ ချောင်းဆိုးနှာချေတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို တံတောင်ကွေးနဲ့သို့မဟုတ် တစ်ရှူးဖြင့်လုံအောင်ဖုံးအုပ်ခြင်း၊ ချောင်းဆိုးနှာချေနေသူများနဲ့အနည်းဆုံး ၁မီတာ (၃ပေ)အကွာအဝေးမှနေခြင်းတို့ပဲဖြစ်ပါတယ်။ 


Q - ကိုယ့်ကိုယ်ကိုကာကွယ်ဖို့နှာခေါင်းစည်း(Mask)တပ်သင့်သလား

A - မိမိတွင် ဖျားနာခြင်း၊ချောင်းဆိုးခြင်း သို့မဟုတ် COVID-19ရောဂါလက္ခဏာများရှိမှသာ နှာခေါင်းစည်း (mask)တပ်သင့်ပါတယ်။ တစ်ခါသုံး နှာခေါင်းစည်းကို တစ်ခါတည်းသာ အသုံးပြုရပါမည်။ မိမိကိုယ်တိုင် ဖျားနာခြင်းမရှိဘဲ သို့မဟုတ် နေမကောင်းဖြစ်နေသူအားပြုစုခြင်းမဟုတ်ပါက mask ကိုဖြုန်းတီးခြင်းဖြစ်ကြောင်း WHO ကဆိုထားပါတယ်။


မိမိကိုယ်တိုင်နဲ့အခြားသူများကို COVID-19မှကာကွယ်ရန် ထိရောက်မှုအရှိဆုံးနည်းလမ်းတွေကတော့ လက်ကို မကြာခဏစင်ကြယ်အောင်ဆေးကြောခြင်း၊ ချောင်းဆိုးနှာချေတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို တံတောင်ကွေးနဲ့သို့မဟုတ် တစ်ရှူးဖြင့်လုံအောင်ဖုံးအုပ်ခြင်း၊ ချောင်းဆိုးနှာချေနေသူများနဲ့အနည်းဆုံး ၁မီတာ (၃ပေ)အကွာအဝေးမှနေခြင်းတို့ပဲဖြစ်ပါတယ်။ 


Q - COVID-19အတွက် ရောဂါပျိုးချိန်က ဘယ်လောက်လဲ

A - ရောဂါပိုးဝင်ရောက်ချိန်မှ ရောဂါလက္ခဏာပြတဲ့အချိန်ထိ ၁ရက်မှ ၁၄ရက်ကြာတတ်ပြီး အများစုမှာ ၅ရက်အတွင်းတွင် လက္ခဏာပြတတ်ပါတယ်။ 


Q - MOHS current directions for the public

Public coorperation for control of COVID-19



MOHS guidance for those who were back from Thailand



Guidance for Home Quarantine



Guidance for Hotel Quarantine





Preparation of Community Base Facility Quarantine Center





Health Education for the public






Q - ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ မျက်နှာပြင်တွေပေါ်မှာ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်သလဲ

A -  COVID-19ဖြစ်စေတဲ့ဗိုင်းရပ်စ်ဟာ မျက်နှာပြင်တွေပေါ်မှာ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်သလဲဆိုတာ သေချာမသိကြပါဘူး။ လေ့လာချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်တွေဟာ မျက်နှာပြင်တွေပေါ်မှာ နာရီအနည်းငယ် သို့မဟုတ် ရက်ပေါင်းများစွာ ရှင်သန်နေနိုင်ပါတယ်။ ဒါဟာ အခြေအနေအမျိုးမျိုးပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ (ဥပမာ-မျက်နှာပြင်အမျိုးအစား၊ ပတ်ဝန်းကျင်ရဲ့အပူချိန် သို့မဟုတ် စိုထိုင်းဆ)တကယ်လို့မျက်နှာပြင်ပေါ်မှာ ရောဂါပိုးရှိနေတယ်လို့ထင်ရင် အဲဒီမျက်နှာပြင်ကို ပိုးသတ်လို့ရပါတယ်။ ပြီးရင် လက်ကို ဆပ်ပြာနဲ့ရေ သို့မဟုတ် အယ်လ်ကိုဟောပါတဲ့လက်ဆေးရည်နဲ့ ဆေးကြောပါ။ မျက်စိ၊နှာခေါင်းနဲ့ပါးစပ်ကို မကိုင်ပါနဲ့။


Q - COVID-19ကူးစက်ပြန့်ပွားတဲ့ဒေသမှလာတဲ့ အထုပ်တွေကို လက်ခံလို့ရရဲ့လား

A - လက်ခံလို့ရပါတယ်။ COVID-19ရောဂါပိုးရှိသူနဲ့ထိတွေ့ထားတဲ့ ကုန်ပစ္စည်းတွေကနေ ရောဂါပိုးကူးစက်နိုင်ချေ နည်းပါတယ်။ 


Q - COVID-19က တိရစ္ဆာန်မှတဆင့် လူကိုကူးစက်နိုင်သလား

A - ကိုရိုနာဗိုင်းရပ်စ်တွေဟာ တိရစ္ဆာန်တွေမှာ အတွေ့ရများတဲ့ အရွယ်အစားကြီးမားတဲ့ ဗိုင်းရပ်စ်အုပ်စုဝင်တွေဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်တွေက တိရစ္ဆာန်ကနေ လူကိုကူးပြီး ထိုမှတဆင့်လူလူချင်းကူးစက် နိုင်ချေအလွန်နည်းပါတယ်။ ဥပမာ-SARS-CoV ဗိုင်းရပ်စ်ဟာ ကြောင်ကတိုးတွေကနေတဆင့် လူကိုကူးစက်ပြီး MERS-CoV ဗိုင်းရပ်စ်ဟာ ကုလားအုပ်တွေကနေတဆင့် လူကိုကူးစက်ပါတယ်။ COVID-19နဲ့ပတ်သက်လို့ ဘယ်တိရစ္ဆာန်ကနေ ကူးစက်နိုင်လဲဆိုတာကို သေချာအတည်မပြုနိုင်သေးပါဘူး။ 

ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ဆိုရင် တိရစ္ဆာန်ဈေးတွေကို သွားလာခြင်းမပြုလုပ်ပါနဲ့။ တိရစ္ဆာန်တွေနဲ့တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ တိရစ္ဆာန်တွေနဲ့ထိတွေ့ထားတဲ့ မျက်နှာပြင်တွေကို ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ တိရစ္ဆာန်မှရရှိသော အသားတွေကို ကျက်အောင်ချက်ပြီးစားပါ။ အသားစိမ်း၊နို့နဲ့ တိရစ္ဆာန်ရဲ့ကိုယ်တွင်းကလီစာတွေကို သတိထားပြီးကိုင်တွယ်ပါ။ တိရစ္ဆာန်မှရတဲ့အသားတွေကို အစိမ်း သို့မဟုတ် မကျက်တကျက်စားခြင်းမျိုးမလုပ်ပါနဲ့။


Q - COVID-19က အိမ်မွေးတိရစ္ဆာန်မှတဆင့် လူကိုကူးစက်နိုင်သလား

A - ခွေး၊ကြောင်နဲ့အိမ်မွေးတိရစ္ဆာန်တွေကနေတဆင့် COVID-19ကူူးစက်တယ်လို့အထောက်အထားမတွေ့ရပါဘူး။ COVID-19ရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်ဟာ အဓိကအားဖြင့် ရောဂါပိုးကူးစက်ခံရတဲ့သူက ချောင်းဆိုး၊နှာချေ၊စကားပြောတဲ့အခါ ထွက်လာတဲ့အမှုန်အမွှားတွေကနေတဆင့် ကူးစက်တာဖြစ်ပါတယ်။ ကာကွယ်ဖို့နည်းလမ်းကတော့ လက်ကိုမကြာခဏ စင်ကြယ်အောင်ဆေးဖို့ပဲဖြစ်ပါတယ်။

 

Q - COVID-19 ဘယ်ကနေစတင်ကူးစက်လာသလဲဆိုတာ သိပါသလား

A - လောလောဆယ်မှာတော့ COVID-19ကိုဖြစ်စေတဲ့ SARS-CoV-2ဗိုင်းရပ်စ်ရဲ့အရင်းအမြစ်ကို မသိရသေးပါဘူး။ ရရှိထားတဲ့အထောက်အထားတွေအရ SARS-CoV-2ဟာ တိရစ္ဆာန်တွေကနေလာတဲ့ သဘာဝဗိုင်းရပ်စ်အမျိုးအစားဖြစ်ပြီး တီထွင်ဖန်တီးထားတဲ့ဗိုင်းရပ်စ်မျိုးမဟုတ်ပါဘူး။ SARS-CoV-2ဗိုင်းရပ်စ်တွေဟာ များသောအားဖြင့် လင်းနို့တွေထဲမှာ ရှိနေတတ်ကြပါတယ်။ SARS-CoV-2နဲ့ဗီဇမျိုးနွယ်တူတဲ့ SARS-CoVဗိုင်းရပ်စ်နဲ့အခြားသော ကိုရိုနာဗိုင်းရပ်စ်တွေက လင်းနို့တွေနဲ့ ဆက်နွယ်မှုမရှိပါဘူး။ 


Q - ပထမဆုံးSARS-CoV-2ဗိုင်းရပ်စ်ကူးစက်မှုက ဘယ်လိုဖြစ်လာတာလဲ

A - COVID-19ပထမဆုံးဖြစ်တဲ့လူနာတွေကို တရုတ်နိုင်ငံ၊ဝူဟန်မြို့မှာ ၂၀၁၉၊ဒီဇင်ဘာလမှာစတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တရုတ်ပြည်ကလူတွေ ဘယ်လိုဖြစ်ပြီး SARS-CoV-2စတင်ကူးစက်လာသလဲဆိုတာကို အတိအကျမပြောနိုင်ခဲ့ပါဘူး။ 


၂၀၀၃ခုနှစ်တုန်းက SARSရောဂါကူးစက်ပြန့်ပွားမှုကိုဖြစ်စေတဲ့ SARS-CoVကတော့ တိရစ္ဆာန်ဖြစ်တဲ့ ကြောင်ကတိုးကနေတဆင့်လူကိုကူးစက်ပြီး ထိုမှတဆင့်လူလူချင်းကူးစက်ပါတယ်။ SARS-CoV-2မှာလည်း တူညီသောနည်းလမ်းမျိုးနဲ့ပဲ လူတွေကို ကူးစက်လာတယ်လို့ထင်မြင်သုံးသပ်ကြပါတယ်။ ဒါပေမယ့်လည်း အိမ်မွေးတိရစ္ဆာန်ကနေတဆင့်ကူးစက်တာလား၊ တောရိုင်းတိရစ္ဆာန်ကနေတဆင့် ကူးစက်တာလားဆိုတာ ကိုတိတိကျကျမပြောနိုင်သေးပါဘူး။ 




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18