Print

COVID-19နှင့်ပတ်သက်ပြီးအမေးများသောမေးခွန်းများ အပိုင်း - ၂

  07-Apr-2020
Preview Image

ခန္ဓာကိုယ်ကို အရက်ပြန် သို့မဟုတ် ကလိုရင်းဖျန်းခြင်းဟာ COVID-19ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သလား

ခန္ဓာကိုယ်ကို အရက်ပြန် သို့မဟုတ် ကလိုရင်းဖျန်းခြင်းဟာ ခန္ဓာကိုယ်အထဲကို ဝင်ရောက်ပြီးသားဖြစ်တဲ့COVID-19ကိုရိုနာဗိုင်းရပ်စ်ကို မသေစေနိုင်ပါဘူး။ အရက်ပြန် သို့မဟုတ် ကလိုရင်းဟာ မျက်စိ၊ပါးစပ်ကဲ့သို့ နူးညံ့တဲ့ ခန္ဓာအစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။ ၎င်းတို့ကို မျက်နှာပြင်မှာရှိတဲ့ ပိုးတွေကိုသတ်ရာမှာပဲ အသုံးပြုသင့်ပါတယ်။ အသုံးပြုရာမှာလည်း WHOနဲ့ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အချိုးအစားအတိုင်း ဖျော်စပ်ပြီး အသုံးပြုရပါမယ်။


ပိုးသတ်ဆေးရည်(Disinfectants) များ ဖျော်စပ်နည်း

အိမ်သုံးအရောင်ချွတ်ဆေး (bleaching powder) ဖျော်စပ်နည်း


. (1:50 Hypochlorite Solution)ရရန်အတွက် ရေ () လီတာတွင် ၅%အိမ်သုံးအရောင်ချွတ်ဆေး (Bleaching powder) ကို လက်ဖက်ရည်ဇွန်း () ဇွန်းထည့်ပြီးဖျော်ပါ။

 . အထက်ပါအချိုးအစားအတိုင်း မိမိလိုအပ်သော ပမာဏကို ဖျော်စပ်ပါ။

 . ဖျော်စပ်ပြီးသော ပိုးသတ်ဆေးရည်ဖြင့် လက်နှင့်ထိတွေ့မှုများသော မျက်နှာပြင်များ ဖြစ်သည့် ရေပိုက်ခေါင်း၊တံခါးလက်ကိုင်၊လှေကားလက်ရန်းများ၊ စားပွဲများနှင့် အများသုံးတယ်လီဖုန်း စသည်တို့ကို တစ်နေ့လျှင် ()ကြိမ် သန့်ရှင်းပေးပါ။

 . အဝတ်အစားများလျှော်ဖွတ်ရန်အတွက် Sodium Hypochlorite ()ဆနှင့် ရေ အဆ (၂၀)ရောနှော ထားသောဆေးရည်ဖြင့် နာရီဝက် (မိနစ် ၃၀)စိမ်ပြီးမှ လျှော်ဖွတ်ပါ။


0.5% Chlorineဖျော်စပ်နည်း

          . ကလိုရင်းမဖျော်စပ်ခင် အကာအကွယ်ဝတ်စုံ (PPE)နှင့် လက်အိတ်အထူများဝတ်ပါ

          . ၇၀%ကလိုရင်း လက်ဖက်ရည်ဇွန်း(၁၀)ဇွန်းကို ရေ ၂၀လီတာဖြည့်ထားသော ရေပုံးထဲသို ့ ထည့်ပါ။

          . ထို့နောက် အရည်ကို (၁၀)စက္ကန့် သို့မဟုတ် ကလိုရင်းများပျော်ဝင်သည်အထိ မွှေပါ။

          . ကလိုရင်းအရည်အား မသုံးခင် အနည်းဆုံး နာရီဝက်ခန့်စောင့်ပါ။

          . ကလိုရင်းအရည်အား ကြမ်းခင်းနေရာများကို ပိုးသတ်ရာတွင် အသုံးပြုပါသည်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးသတ်ရာမှာ ဘာတွေသုံးလို့ရနိုင်လဲ

ကိုရိုနာဗိုင်းရပ်စ်နှိမ်နင်းရာတွင် နေ့စဉ်အသုံးပြုသော ပစ္စည်းများ(စားပွဲ၊ထိုင်ခုံ၊ကွန်ပြူတာ ၊တံခါးလက်ကိုင် စသည်) အတွက် ၇၀ရာခိုင်နှုန်း အယ်သနော(70% Ethanol)၊ကြမ်းခင်းများအတွက် ဝ.၅ရာခိုင်နှုန်းဆိုဒီယမ်ဟိုက်ပိုကလိုရိုက်(0.5% Sodium Hypochlorite)အရည် (အိမ်သုံးအရောင်ချွတ်ဆေး ခေါ် bleaching powder) သို့မဟုတ် ၁ရာခိုင်နှုန်းကလိုရင်းအရည်(1% Chlorine)တို့ကို သုံးလို့ရပါတယ်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18